သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီမြန်မာ့စီမံကိန်း ၏ “100 Smiles” လူမှုအကျိုးပြုစီမံကိန်း မှ “Golden Globe Tigers Award 2020” ရွှေတံဆိပ်ဆုရရှိ

2 Dec 2020

မြန်မာ၊ နိုဝင်ဘာလ ၂၃ ရက်၊ ၂၀၂၀။       ။ ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် Golden Globe Tigers Award 2020 မှ ချီးမြှင့်သည့် 'Concern for Health' ခေါင်းစဉ်အောက်ရှိ 'Excellence & Leadership in Corporate Social Responsibility' လူမှုအကျိုးပြုလှုပ်ရှားမှုဆိုင်ရာ ရွှေတံဆိပ်ဆုကို ဂုဏ်ယူစွာလက်ခံရရှိခဲ့ပါသည်။ Golden Globe Tigers Award သည် လူမှုအကျိုးပြုလှုပ်ရှားမှုများ၊  လူမှုရေးဆိုင်ရာဆန်းသစ်တီထွင်မှုနှင့် ပညာရေးကဏ္ဍတို့မှာ အဆုံးအစမရှိ အကောင်းဆုံးပံ့ပိုးပေးနိုင်သောအဖွဲ့အစည်းများအား 'TIGERS' အဖြစ် ကိုယ်စားပြုကာ အသိအမှတ်ပြု ဆုချီးမြှင့်ခြင်းဖြစ်ပါသည်။  

ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေဖြင့် ၂၀၁၉ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်း လုပ်ငန်းလုပ်ဆောင်မှု နှစ် ၃၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ခဲ့သည့် '100 Smiles' လူမှုအကျိုးပြုစီမံကိန်းကြောင့် ထိုရွှေတံဆိပ် ဆုရရှိခဲ့ခြင်းဖြစ်သည်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ Alliance for Smiles နှင့် ဝိတိုရိယဆေးရုံတို့နှင့်အတူပူးပေါင်း၍ မွေးရာပါ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ကလေးငယ် အယောက် တစ်ရာ ကိုခွဲစိတ်ကုသရန် အမေရိကန်ဒေါ်လာ တစ်သိန်း ထည့်ဝင်လှူဒါန်းခဲ့ပါသည်။ ယင်း '100 Smiles' လူမှုအကျိုးပြုစီမံကိန်းမှတစ်ဆင့် ကလေးငယ်များ၏ မွေးရာပါချို့ယွင်းချက်ကို ပြုပြင်ပေးရုံသာမက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမြှင့်တင်ပေးပြီး လူမှုအသိုင်းအဝန်းထဲတွင် ကျန်းမာပြီးယုံကြည်မှုရှိသောသူများအဖြစ် ဘဝသစ်ပြန်လည်စတင်နိုင်စေရန် ကူညီပေးခဲ့ပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာဖြစ်သူ MrDittapon Soothi-O-Soth က “ကျွန်တော်တို့အနေနဲ့ '100 Smiles' လူမှုအကျိုးပြုစီမံကိန်းကြောင့် Golden Globe Tigers Award က ချီးမြှင့်တဲ့ 'Excellence & Leadership in Corporate Social Responsibility' ရွှေတံဆိပ်ဆုကိုရရှိခဲ့တဲ့အတွက် အင်မတန်ဂုဏ်ယူမိပါတယ်။ ခုလို အသိအမှတ်ပြုခံရတာဟာ ကျွန်တော်တို့ ကတိပြုထားတဲ့အတိုင်း လူမှုအကျိုးပြုလုပ်ငန်းတွေကနေ  ဒေသခံများရဲ့ ဘဝအရည်အသွေးကို မြှင့်တင်ပေးနိုင်ခဲ့ခြင်းကို ထင်ဟပ်စေပါတယ်။ အခုလို Alliance for Smiles နဲ့ပူးပေါင်းပြီး ကလေးငယ်တွေရဲ့ဘဝမှာ ယုံကြည်မှုပြည့်၀တဲ့အပြုံးလေးတွေ ဖန်တီးပေးနိုင်ခဲ့တဲ့ အပေါ်မှာလည်း ဝမ်းသာပီတိဖြစ်မိပါတယ်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေနဲ့လည်း အခုလိုမျိုး အဓိပ္ပာယ်ရှိတဲ့ လုပ်ဆောင်မှုတွေကို အဆက်မပြတ် ပြန်လည်သုံးသပ် သွားမှာဖြစ်ပြီး လူမှုပတ်ဝန်းကျင်ကိုပိုမိုတိုးတက်စေဖို့ အခွင့်အလမ်းအသစ်တွေကိုလည်း ဆက်လက်ရှာဖွေသွားမှာ ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။ 
 
ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် မြန်မာနိုင်ငံရှိဒေသခံများ လူနေမှုဘဝအရည်အသွေး မြင့်မားစေရန်နှင့် အခွင့်အလမ်းများရရှိစေရန် ၂၀၀၈ ခုနှစ်ကတည်းက လူမှုအကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်။  ထိုလုပ်ဆောင်မှုများသည် အခြေခံလိုအပ်ချက်များ၊ ပညာရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းဆိုင်ရာထိန်းသိမ်းရေး အစရှိသည့် ဦးစားပေးကဏ္ဍကြီး လေးခုတို့ဖြစ်ပါသည်။ ပီတီတီအီးပီ မြန်မာ့စီမံကိန်း၏ကြိုးပမ်းမှုများက လူမှုပတ်ဝန်းကျင်အတွက် ရေရှည်ကောင်းမွန်သော ပြောင်းလဲမှုများ ဖြစ်ပေါ်စေရန် အစဉ်မပြတ် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။  

ပီတီတီအီးပီ မြန်မာ့စီမံကိန်းအကြောင်း 

ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသည့် ကုမ္ပဏီတစ်ခုဖြစ်ပါ သည်။ မိမိလုပ်ငန်းလည်ပတ်ဆောင်ရွက်ရာနိုင်ငံများအတွက် ရေရှည်တည်တံ့သည့် ရေနံဓာတုပစ္စည်းများ  ဖြည့်ဆည်းပေးနိုင်ရန် အဓိကဦးတည်ဆောင်ရွက်နေသော၊ ထိုင်းနိုင်ငံရေနံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေးကုမ္ပဏီ ကြီးဖြစ်သည့် PTT Exploration and Production Public Company Limited (ပီတီတီအီးပီ) ၏ လုပ်ငန်းခွဲကုမ္ပဏီတစ်ခုဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ Stock Exchange တွင် ထိပ်တန်းကုမ္ပဏီ ဆယ်ခုစာရင်းဝင် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်ပြီး ကမ္ဘာတစ်ဝန်းတွင်  ရေနံရှာဖွေ ထုတ်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်နေပါ သည်။