သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီ ၏ Credit Ratings (အကြွေးပေးရန်စိတ်ချရမှု အကဲဖြတ်ချက်) ကို BBB+ အဆင့်သတ်မှတ်ကြောင်း S&P က အတည်ပြု

4 May 2020

ပီတီတီအီးပီ ၏ Credit Ratings (အကြွေးပေးရန်စိတ်ချရမှု အကဲဖြတ်ချက်) ကို

BBB+ အဆင့်သတ်မှတ်ကြောင်း S&P က အတည်ပြု

မြန်မာ၊ မေလ ၄ရက်၊  ၂၀၂၀ ။    ။Standard and Poor's Rating Group (“S&P”) က ပီတီတီအီးပီ ၏ credit ratings (အကြွေးပေးရန်စိတ်ချရမှု အကဲဖြတ်ချက်) ကို BBB+ အဆင့်ဟု အတည်ပြုသတ်မှတ်လိုက်ပါသည်။ ထိုအဆင့် သတ်မှတ်ချက်သည် ထိုင်းနိုင်ငံ၏လက်ရှိ  Sovereign credit rating (နိုင်ငံတော်အဆင့် အကြွေးပေးရန်စိတ်ချရမှု အကဲဖြတ်ချက်) နှင့် အဆင့်တူဖြစ်ပါသည်။ ယင်း BBB + အဆင့် အတည်ပြုသတ်မှတ်ခံရခြင်း၏ အဓိကအကြောင်းအရင်းများမှာ ပီတီတီအီးပီ ၏ ခိုင်မာတောင့်တင်းသော ဘဏ္ဍာငွေအနေအထားရှိခြင်း၊ ယခုကဲ့သို့ ရေနံဈေးနှုန်းများ ထိုးကျနေသော အခြေအနေ၌ပင် ငွေပေါ်လွယ်သည့်အနေအထားရှိခြင်း၊  ရေရှည်စီးပွားကျဆင်းလာနိုင်မှုကို တောင့်ခံထားနိုင်မည့် ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များစွာ ရှိနေခြင်းတို့ဖြစ်ပါသည်။ 

ပီတီတီအီးပီ အပါအဝင် ကမ္ဘာ့ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကုမ္ပဏီများကို S&P က စစ်ဆေးခဲ့ရာတွင် ပီတီတီအီးပီ ၏ အနေအထားသည် အပြုသဘောဆောင်မှုရှိသည့်အခြေအနေ (Positive) မှတည်ငြိမ်မှုရှိသည့်အခြေအနေ (Stable) တွင်ရှိနေသောကြောင့် ပီတီတီအီးပီ ၏ credit ratings ကို BBB+ အဆင့်ရရှိကြောင်း စီစစ်သုံးသပ်လိုက်ပါသည်။ ၎င်း BBB + အဆင့်သည် ထိုင်းနိုင်ငံ၏နိုင်ငံတော်အဆင့် အကြွေးပေးရန်စိတ်ချရမှု အကဲဖြတ်ချက် နှင့် တူညီကြောင်း PTT ရေနံ ရှာဖွေရေးနှင့် ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလိမိတက် (PTTEP) ၏ ဘဏ္ဍာရေးနှင့်ငွေစာရင်း လုပ်ငန်းစုမှ အမှုဆောင်ဒုတိယဥက္ကဌ Mr. Sumrid Sumneing က ပြောကြားခဲ့ပါသည်။ 
 
အဆိုပါ BBB+ အဆင့် အကဲဖြတ်အတည်ပြုခံရခြင်းတွင်  အရေးပါဆုံးအချက်များမှာ ကုမ္ပဏီ၏ အဓိက ထုတ်ကုန်ဖြစ်သည့်သဘာဝဓာတ်ငွေ့၏ အချိန်ခြား ဈေးနှုန်းပြင်ဆင်ညှိနှိုင်းခြင်း နှင့် ၎င်း၏ရင်းနှီးမြှုပ်နှံမှုအစီအစဉ်များကို ပြုပြင်ပြောင်းလဲညှိနှိုင်းလွယ်အောင် ကြိုတင် ဆောင်ရွက်ထားခြင်းတို့ ဖြစ်သည်။ ထို့ကြောင့် ယခုလို ရေနံဈေးနှုန်းကျ ဆင်းနေချိန်တွင်ဓာတ်ငွေ့ပျမ်းမျှဈေးနှုန်းကို သိသိသာသာ ထိခိုက်ခဲ့ခြင်းမရှိဟူ၍  S&P ကဖော်ပြခဲ့ပါသည်။  ပီတီတီအီးပီ အနေဖြင့် များမကြာမီ ကာလအတွင်း  လုပ်ငန်း ဝန်ဆောင်မှုများ၌ ကြွေးမြီကင်းရှင်းပြီး ၎င်း၏ ခိုင်မာတောင့်တင်းသော ဘဏ္ဍာငွေအနေအထား၊ ငွေသား လက်ဝယ်ရှိနေခြင်း နှင့် ငွေဖြစ်လွယ်မှု တို့ဖြင့် ခိုင်ခိုင်မာမာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ပီတီတီအီးပီ သည် ၂၀၁၅-၂၀၁၇ ခုနှစ် ရေနံဈေးနှုန်းကျဆင်းသည့်ကာလကို ရင်ဆိုင်ကြုံတွေ့ရပြီးနောက် လက်ရှိ ရေနံဈေးနှုန်းမတည်မငြိမ်ကာလကို ပြန်လည်ဖြေရှင်းနိုင်ရန်အတွက် အကောင်းဆုံးသောရင်းနှီးမြှုပ်နှံမှုအစီအစဉ်များလည်း စီစဉ် ဆောင်ရွက်ထားခဲ့ပြီးဖြစ်သည်။
 
Mr. Sumrid Sumneing က “လတ်တလောရေနံဈေးနှုန်း အခြေအနေကြောင့်ကမ္ဘာတစ်ဝန်းက ရေနံနဲ့သဘာဝဓာတ်ငွေ့ ကုမ္ပဏီတွေလိုပဲ ပီတီတီအီးပီ ရဲ့ ဝင်ငွေအပေါ်မှာလည်း သက်ရောက်မှုတွေရှိနေပါတယ်။ အခုလို ရေနံဈေးနှုန်း မတည်ငြိမ်မှု ကြာရှည်နေပေမယ့် ပီတီတီအီးပီ အနေနဲ့ ခိုင်မာတောင့်တင်းတဲ့ ဘဏ္ဍာငွေကြေးအခြေအနေနဲ့အတူ ငွေပေါ်လွယ်မှုတို့ကို ထိန်းသိမ်းထားနိုင်တဲ့အတွက် နောင်လာမယ့် ၂နှစ် - ၃နှစ် အတွင်း ကုမ္ပဏီရဲ့ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက် မြှင့်တင်နိုင်မှာ ဖြစ်ကြောင်း ဒီ BBB+ အဆင့်သတ်မှတ်ချက်ကသက်သေပြလိုက်တာ ဖြစ်ပါတယ်။ ” ဟု ပြောကြားခဲ့ပါသည်။   
 
ပီတီတီအီးပီ အနေဖြင့် လက်ရှိ credit ratings များနှင့်ပတ်သက်ပြီး  Moody’s Investors Service ၏ Baa1(Positive) အဆင့်၊ Fitch Ratings ၏ BBB+ (Stable) အဆင့်နှင့် TRIS Rating ၏ AAA (stable) အဆင့်များ ရရှိထားပါသည်။