သတင်း နှင့် မီဒီယာ

သတင်း

Covid-19 ကာလအတွင်း ကမ္ဘာ့ရေနံဈေးနှုန်း အကျပ်အတည်းနှင့်ကြုံတွေ့ရသော်လည်း ပီတီတီအီးပီမြန်မာ့စီမံကိန်း သည် ၂၀၂၀ စီးပွားရေးစီမံကိန်းအတိုင်း ရှေ့ဆက်သွားရန်ရှိကြောင်း ပြောကြား

10 Apr 2020

ရန်ကုန်၊ ဧပြီလ ၁၀ ရက်၊ ၂၀၂၀။       ။ လက်ရှိဖြစ်ပွားလျက်ရှိသည့် COVID-19 ရဲ့ ရိုက်ခက်မှုကြောင့် ကမ္ဘာ့ရေနံဈေးကွက်မှာ အကျပ်အတည်းနှင့် ရင်ဆိုင်ကြုံတွေ့နေသော်လည်း  ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ကြိုတင်လျာထားချက်များ အတိုင်း လုပ်ငန်းများကို ဆက်လက် လည်ပတ်လုပ်ဆောင်သွားဖို့ရှိပါသည်။

ယခုလို ကျွန်ုပ်တို့၏သဘာဝဓာတ်ငွေ့ဝယ်ယူသူများဖြစ်သော မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နှင့် ပီတီတီ(PTT)  တို့အား စဉ်ဆက်မပြတ်ထောက်ပံ့နိုင်သည့် အကြောင်းအရင်းမှာ ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ အကောင်အထည်ဖော်ထားသောစီးပွားရေးအဆက်မပြတ်စီမံခန့်ခွဲမှု စီမံကိန်း Business Continuity Management (BCM) plan ရှိခြင်း ကြောင့် ဖြစ်သည်။ ကုမ္ပဏီ အနေဖြင့် အနာဂတ်တွင် ကြုံတွေ့ရမည့် စိန်ခေါ်မှုများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ရင်းနှီးမြှပ်နှံမှုဆိုင်ရာ စီမံကိန်းများဖြင့် လိုက်လျောညီထွေစွာ ဆောင်ရွက်သွားနိုင်ရန် အဆင့်သင့် ဖြစ်နေပြီဖြစ်သည်။

ပီတီတီအီးပီ ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သော Mr.  Phongsthorn Thavisin က “ကမ္ဘာ့ကပ်ရောဂါဖြစ်တဲ့ COVID-19  ကြောင့် မတ်လကတည်းက ဖြစ်ပေါ်ခဲ့တဲ့ ကမ္ဘာ့ရေနံဈေးနှုန်း ကျဆင်းမှု ၆၀% ခန့် ဟာ ယခုနှစ်အတွက် လျာထားတဲ့ ပီတီတီအီးပီရဲ့ ရောင်းအားပမာဏ အပေါ် သိသိသာသာ သက်ရောက် ရိုက်ခက်မှု ရှိမှာ မဟုတ်ပါဘူး။ ယခုနှစ်အတွက် ကြိုတင် ရည်မှန်းထားတဲ့ တစ်နေ့လျှင် ရေနံစည်ပေါင်း ၃၈၈၀၀၀ ပျမ်းမျှရောင်းအားမှာ ၅% အောက်သာ လျော့နည်းနိုင်မယ်လို့လည်း ခန့်မှန်းထားပါတယ်။  ဆက်လက်ပြီး ပီတီတီအီးပီ၏ ကုန်ထုတ်လုပ်မှု အများစုကို ကိုယ်စားပြုထားတဲ့ သဘာဝဓာတ်ငွေ့ ရောင်းချမှုပမာဏကိုလည်း အရောင်း သဘောတူညီချက် စာချုပ်များ အတိုင်း လုံလောက်စွာ ထုတ်လုပ်ရရှိပြီးဖြစ်ပါတယ် ။ စုစုပေါင်း ရောင်းအား၏ ၃၀% ကို နေရာယူထားတဲ့ ရေနံစိမ်း ရောင်းဈေးကတော့ ပြင်ပမှာ ဈေးနှုန်းမကျစေရေးအတွက် စီမံတာတွေလုပ်ဆောင်နေလည်းပဲ ရေနံ ဈေးကွက် မတည်ငြိမ်မှုတို့ကြောင့် တိုက်ရိုက်သက်ရောက်မှု ရှိနေပါတယ်။ စီမံကိန်း တော်တော်များများအတွက် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်းများကို  ရောင်းဝယ်ရေး သဘောတူညီချက် များအတိုင်းလည်း ချမှတ်ထားပြီး ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလို  ရေနံဈေးနှုန်းကျဆင်းမှုဟာ ဆက်လက် ကြာရှည်ဦးမယ်ဆိုရင် အနာဂတ်မှာ ပီတီတီအီးပီအတွက် အကျိုးသက်ရောက်မှုကတော့ အတိုင်းအတာ တစ်ခုထိ ရှိလာမှာပါ။” ဟု ပြောကြားခဲ့သည်။

မကြာသေးမီက မြန်မာနိုင်ငံရှိ ဇောတိကကမ်းလွန်စီမံကိန်း၏ 1A ၊ 1B နှင့် 1C တို့၏ လုပ်ဆောင်ဆဲ အဆင့်တွေကို ပြန်လည် သုံးသပ်မှု ဆောင်ရွက်ခဲ့ရာတွင် စာချုပ်ပါ ကတိကဝတ်များအတိုင်း ခွင့်ပြုထားသည့် တိုးချဲ့ကာလအတွင်း ရေနံနှင့်သဘာဝဓာတ်ငွေ့များအား  လုံလောက်စွာ ထုတ်လုပ်နိုင်မယ့် ရေနံသိုက်များတည်ရှိနေကြောင်း ဖော်ပြလျက်ရှိသည်။ထိုစီမံကိန်း၏ စီးပွားရေးကဏ္ဍ အလုံးစုံ ကို ထိခိုက်မှုမရှိနိုင်သောကြောင့် 1D ၏ လုပ်ဆောင်မှုအဆင့်အတွက် လိုအပ်သော ဝယ်ယူမှု လုပ်ငန်းစဉ်များကို ခေတ္တ ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်။ ပီတီတီအီးပီမြန်မာ့စီမံကိန်း သည် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတို့၏ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လိုအပ်ချက်များကို စာချုပ်ပါ ကတိကဝတ်များအတိုင်း ဖြည့်ဆည်း ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆက်လက်ဆောင်ရွက်နေချိန်တွင်လည်း ပီတီတီအီးပီမြန်မာ့စီမံကိန်း သည် COVID-19 ပျံ့နှံ့နေသောကာလအတွင်းတွင် ကူးစက်ပျံ့နှံမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် မြန်မာအစိုးရမှချမှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ အဖွဲ့အစည်းအတွင်းရှိ ဝန်ထမ်းများအားလုံးဘေးကင်းလုံခြုံရေးအစီအမံများကိုကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။ ရန်ကုန်ရုံးချုပ်တွင် အိမ်မှအလုပ်လုပ်ရသည့် စနစ် (Work from Home) ကို ကျင့်သုံးလျှက်ရှိပြီး ကမ်းလွန်နှင့် ကုန်းတွင်း လုပ်ငန်းလည်ပတ်နေသောနေရာများတွင်လည်း လိုအပ်သောဘေးကင်းလုံခြုံရေးဆောင်ရွက်ချက်များကို တင်းတင်းကျပ်ကျပ်ပြဌာန်းထားပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet  က “အခုဖြစ်နေတဲ့ ကိုရိုနာဗိုင်းရပ်(စ်) ပျံ့နှံ့မှုဟာ မြန်မာနိုင်ငံသာမက တစ်ကမ္ဘာလုံးပေါ်မှာရှိတဲ့ လူတွေအားလုံးရဲ့ဘဝတွေကို သက်ရောက်မှုရှိနေတယ်ဆိုတော့  ကျွန်တော်တို့ ဝန်ထမ်းတွေရဲ့ လုံခြုံဘေးကင်းမှုဟာ အဓိကအရေးပါဆုံးအရာဖြစ်ပါတယ်။ ဒါကြောင့် ပီတီတီအီးပီမြန်မာ့စီမံကိန်း အနေနဲ့  အခြေအနေအရပ်ရပ်ကိုသေချာသုံးသပ်သွားခြင်းဖြင့် အန္တရာယ်ဖြစ်နိုင်ခြေများကို အစဉ်မပြတ် စောင့်ကြည့်ထိန်းချုပ်သွားမယ်ဆိုတာကို စိတ်ချလက်ချနဲ့ ယုံကြည်ပေးစေချင်ပါတယ်။ ကျွန်တော်တို့ ပီတီတီအီးပီမြန်မာ့စီမံကိန်းကလည်း အစိုးရ နှင့် ပုဂ္ဂလိကကဏ္ဍများ နဲ့အတူ လိုအပ်သောအချိန်တွင် ပူးပေါင်းဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။ ဒီလို ခက်ခဲတဲ့ အခြေအနေတွေကို အတူတကွ ရင်ဆိုင်ကျော်ဖြတ်ကြရင်း ပီတီတီအီးပီမြန်မာ့စီမံကိန်းက မြန်မာနိုင်ငံကို ထောက်ပံ့လျက်ရှိတဲ့ သဘာဝဓာတ်ငွေ့ပမာဏတို့မှာလည်း  လျော့နည်း လစ်ဟာသွားမှု ရှိမှာမဟုတ်ကြောင်း ထပ်လောင်းအတည်ပြုပြောကြားလိုပါတယ်။” ဟု ပြောကြားခဲ့ပါတယ်။