သတင်း နှင့် မီဒီယာ

သတင်း

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ အခွန်အများဆုံးထမ်းဆောင်သည့်ကုမ္ပဏီများအတွက် ပေးအပ်ချီးမြှင့်သောဆုကို ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ လက်ခံရရှိ

21 Aug 2019

၂၁ သြဂုတ်လ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွက် မြန်မာနိုင်ငံတွင် ဝင်ငွေခွန်အများဆုံး ထမ်းဆောင်သည့်ဆုကို ရန်ကုန်တိုင်းဒေသကြီးပြည်သူ့လွှတ်တော်ဥက္ကဌ၊ ဦးတင်မောင်ထွန်းက ၂၀၁၉ ခုနှစ် သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ မင်္ဂလာခန်း၌ ပေးအပ်ခဲ့ပြီး ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ ဘဏ္ဍာရေးနှင့် စာရင်းကိုင်မန်နေဂျာဖြစ်သူ Mr. Thosaphol Thipayarat မှ လက်ခံရရှိခဲ့ပါသည်။
 
အဆိုပါဆုပေးအပ်ချီးမြှင့်ခြင်းပွဲအခမ်းအနားသည် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာနမှ ကြီးမှူးကျင်းပခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန် အများဆုံးထမ်းဆောင်ခဲ့သောကုမ္ပဏီများကို ချီးမြှင့်ခြင်းဖြစ်သည်။ ၂၀၁၇-၂၀၁၈ စည်းကြပ်နှစ်အတွင်း ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းတွင် နိုင်ငံခြားရင်းနှီးမြှုုပ်နှံမှု ပြုလုပ်ထားသူများထဲမှ အခွန်အများဆုံး ထမ်းဆောင်ခဲ့သော ထိပ်တန်းကုမ္ပဏီ ၁၀ ခုတွင် ပါဝင်ရပ်တည်နိုင်ခဲ့သည်။
 
ပြည်တွင်းအခွန်များဦးစီးဌာနသည် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်ဖွံ့ဖြိုးမှုတွင် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ တာဝန်ကျေပွန်မှုနှင့် ပံ့ပိုးကူညီမှုတို့ကို အသိအမှတ်ပြုခဲ့ခြင်း ဖြစ်ပါသည်။
 
ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် မြန်မာနိုင်ငံ၏ကာလရှည်ကြာ ယုံကြည်ရသော မိတ်ဖက်အနေဖြင့် မြန်မာနိုင်ငံ၏ စွမ်းအင်လုံခြုံမှုကို အားပေးရန် လူမှုရေးအရတာဝန်ခံမှုဖြင့် လုပ်ဆောင်နေသကဲ့သို့ လူ့အဖွဲ့အစည်းအတွက် လူနေမှုဘဝတိုးတက်ရန်အတွက်လည်း ၎င်း၏ကတိကဝတ်နှင့်အညီ “စွမ်းအင်ပြည့်ဝသောအနာဂတ်များဆီသို့” ဦးတည်လုပ်ဆောင်လျက်ရှိပါသည်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေဖြင့် မြန်မာနိုင်ငံ၏ စဉ်ဆက်မပြတ် စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးတို့တွင် တစိတ်တဒေသအဖြစ် ပါဝင်ရခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်မိပါသည်။