PTTEP မြန်မာ့စီမံကိန်းမှ ပဥ္စမအကြိမ်မြောက် ဇောတ်ိကရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပ

05 February 2018
Save as PDF

၀၂၊ ဖေဖော်ဝါရီလ၊ ၂၀၁၈။ ရန်ကုန်။ မြန်မာ - ဒေသခံလူမှုအသိုင်းအဝိုင်းအတွက် နွမ်းပါးချို့တဲ့သူများ၏ ဘဝများကို တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်လုပ်ဆောင်လျက်ရှိသည့် PTTEP Myanmar Asset မှ (၅) ကြိမ်မြောက် ဇောတိကရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲ ၂၀၁၈ ကျင်းပ၍ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၀၀၀၀ ကျော်ကောက်ခံရရှိခဲ့သည်။ ယခုနှစ် ဂေါက်သီးရိုက်ပြိုင်ပွဲမှ ကောက်ခံရရှိသော ရန်ပုံငွေများကို လိုတရဘုန်းတော်ကြီးစာသင်ကျောင်းရှိ ဆင်းရဲနွမ်းပါးသော ကလေးများနှင့် မိဘမဲ့ကလေး ၃၉၆ယောက်တို့အတွက် ကျောင်းဆောင်အသစ်ဆောက်လုပ်ရေး နှင့် နေ့စဉ်စားသောက်စရိတ် ထောက်ပံ့ရေးတို့တွင် လှူဒါန်းသွားမည်ဖြစ်သည်။

ယင်းပြိုင်ပွဲတွင် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်ဂျာ Mr. Piya Sukhumpanumet ဦးဆောင်၍ မြန်မာ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း၊ PTTEPရုံးချုပ်၊ ပီတီတီအီးပီမြန်မာ့စီမံကိန်း၊ လုပ်ဖော်ကိုင်ဖက်များနှင့် ကန်ထရိုက်တာများပါဝင်သော ဂေါက်သီးကစားသမားစုစုပေါင်း(၁၆၀)ဦး ပါဝင်ကစားခဲ့ကြပါသည်။ ထိုပွဲကို ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် ရန်ကုန်မြို့ရှိ ရွိုင်ရယ်မင်္ဂလာဒုံဂေါက်ကလပ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

“ဆရာတော်တို့ ၂၀၁၃ခုနှစ်မှာ စတည်ထောင်ခဲ့ပြီး ယနေ့ထိ အသက် ၄နှစ်ကနေ ၁၇နှစ်ရှိတဲ့ ကလေး ၄၀၀ ကျော်ကို ကျွေးမွေးစောင့်ရှောက်နေတယ်။ လတ်တလောမှာတော့ ဆရာတော်တို့ဆီမှာ အဆောက်အဦးတစ်ခုတည်းမှာပဲ ကျောင်းသားတွေရဲ့ အိပ်ဆောင်အနေနဲ့ရော စာသင်ဆောင်အနေနဲ့ရော အသုံးပြုနေရတယ်။ နှစ်တော်တော်ကြာ ကလေးတွေရဲ့ အခြေခံလိုအပ်တာတွေ၊ ပညာရေးအတွက်ထောက်ပံ့မှုတွေနဲ့ ကျောင်းဆောင်ထိန်းသိမ်းစောင့်ရှောက်ဖို့အတွက်ကို အများပြည်သူ လှူဒါန်းငွေတွေကို မှီခိုနေရတယ်။ အခုလို ပီတီတီအီးပီမြန်မာ့စီမံကိန်းနှင့် လုပ်ဖော်ကိုင်ဖက်တွေရဲ့ လှူဒါန်းမှုက ဆရာတော်တို့ကျောင်းမှာရှိသောကလေးများအတွက် အများကြီးအထောက်အကူပြုပါတယ်။ လှူဒါန်းငွေတွေဟာ ကျောင်းသားလေးတွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုံခြုံကောင်းမွန်သော ပတ်ဝန်းကျင်အခြေအနေဖြစ်စေရေးကို ဖြည့်ဆည်းပေးရာမှာ တိုက်ရိုက်အကျိုးရှိစေတယ်။”ဟုလိုတရဘုန်းတော်ကြီးစာသင်ကျောင်းမှ ဆရာတော်ဘဒ္ဒန္တတေဇိသာရမှ မိန့်ကြားခဲ့ပါသည်။

ကောင်းမွန်တဲ့အကျိုးကိစ္စရပ်များကို ဆောင်ရွက်ရန်အတွက် ပီတီတီအီးပီမြန်မာ့စီမံကိန်းရဲ့ လုပ်ဖော်ကိုင်ဖက်များနှင့် ပူးပေါင်း၍ ဇောတ်ိကဒါနဂေါက်သီးရိုက်ပြိုင်ပွဲကို ၂၀၁၄ခုနှစ်တည်းက စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်ပါသည်။ နှစ်စဉ်နှစ်တိုင်း ကောက်ခံရရှိသည့် ရန်ပုံငွေများကို ရန်ကုန်ရှိ ကလေးများထိန်းသိမ်းစောင့်ရှောက်ကျောင်းများ၊မိဘမဲ့ကလေးကျောင်းများ၊ ဘုန်းတော်ကြီး စာသင်ကျောင်းများတွင်နေရသည့် မိဘမဲ့ကလေးများနှင့် ဆင်းရဲနွမ်းပါးသော ကလေးများ၏ ပညာရေး၊ လူနေမှုဘဝအခြေအနေ တိုးမြှင့်ရေးတို့တွင် အသုံးပြုခဲ့သည်။

လွန်ခဲ့သောငါးနှစ်မှစ၍ ယနေ့အချိန်ထိ ဂေါက်သီးရိုက်ပြိုင်ပွဲမှ ကောက်ခံရရှိငွေ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၄၀,၀၀၀ ကို မလိခမိန်းကလေးလေ့ကျင့်ရေးကျောင်း၊ ကျိုက်ဝိုင်းယောက်ျားလေး လေ့ကျင့်ရေးကျောင်း၊ ဆုတောင်းပြည့် ဘုန်းကြီးကျောင်းနှင့် မိဘမဲ့ကလေးကျောင်း၊ နဝရတ်ဘုန်းတော်ကြီးစာသင်ကျောင်း နှင့် လိုတရဘုန်းတော်ကြီး စာသင်ကျောင်းတို့တွင် လှူဒါန်းခဲ့ပါသည်။

“မြန်မာပြည်ရဲ့ ရေရှည်မိတ်ဖက်အနေနဲ့ရော ရင်းနှီးမြှုပ်နှံသူအနေနှင့်ပါ ဒေသခံအသိုင်းအဝိုင်း အထူးသဖြင့်၊ ဆင်းရဲနွမ်းပါးသော ကလေးတွေကို ပြန်လည်ပံ့ပိုးပေးဖို့က ကျွန်တော်တို့ကုမ္ပဏီရဲ့ ဦးစားပေးအချက်ဖြစ်ပါတယ်” ဟု PTTEP မြန်မာ့စီမံကိန်း၏အထွေထွေမန်ဂျာ Mr. Piya Sukhumpanumet ကပြောပါတယ်။ "ကျွန်တော်တို့ဟာ ဇောတိကရန်ပုံငွေဂေါက်သီးရိုက်ပြိုင်ပွဲကတစ်ဆင့် ကျွန်တော်တို့ရဲ့ပါတနာတွေရဲ့ အကူအညီနဲ့ မြန်မာပြည်မှာရှိတဲ့ မိဘမဲ့ကလေးတွေ၊ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေအတွက် လိုအပ်တဲ့ရန်ပုံငွေကို နည်းနည်းချင်းစီနဲ့ ပုံမှန်စုဆောင်းကောက်ခံသွားမှာဖြစ်ပါတယ်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူသားအရင််းအမြစ်ဖွံ့ဖြိုးရေးကဏ္ဍတွင် စဉ်ဆက်မပြတ် ပူးပေါင်းပါဝင်ဆောင်ရွက်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်။” ဟုလည်း ထပ်လောင်းပြောကြားခဲ့သည်။