မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍ တိုးတက်ဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ပေးမည့်ကတိကဝတ်ကို ပီတီတီအီးပီက Offshore Technology Conference Asia 2018 တွင် ထပ်လောင်းအတည်ပြုခဲ့

28 March 2018
Save as PDF

၂၈ မတ်၊ ၂၀၁၈။ ရန်ကုန်။ မြန်မာ – ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တော်၌ ကျင်းပသည့် Offshore Technology Conference (OTC) Asia 2018 တွင် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ရှာဖွေရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ စိန်ခေါ်မှုအခက်အခဲများ ရှိနေသော်လည်း အောင်မြင်သောစူးစမ်းရှာဖွေမှုနှင့် ထုတ်လုပ်မှုဆိုင်ရာ အခွင့်အလမ်းများကိုမူ ဆန်းသစ်တီထွင်မှုများနှင့် လူ့စွမ်းအားများကို ထိထိရောက်ရောက် အသုံးပြုခြင်းဖြင့် ရယူနိုင်ကြောင်း ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ အထွေထွေမန်နေဂျာ Mr. Piya Sukumpanumet က ပြောကြားခဲ့ပါသည်။

“မုတ္တမပင်လယ်ကွေ့မှာ သဘာဝဓာတ်ငွေ့တွေရှိနေတယ်ဆိုတာ ကျွန်တော်တို့သိပါတယ်။ ဒါပေမဲ့ သဘာဝဓာတ်ငွေ့တွေကိုထုတ်ဖော်ဖို့ တွက်ခြေကိုက်မည့်အချိန်တိုအတွင်း အကျိုးများနိုင်သည့်နည်းစနစ်ပိုင်းဆိုင်ရာ ခွဲခြားဖော်ထုတ်ရာမှာ စိန်ခေါ်မှုအခက်အခဲရှိနေပါတယ်။ ထို့ကြောင့်ပီတီတီအီးပီအတွက် နည်းပညာဟာ အဓိကအာရုံစိုက်စရာဖြစ်ပါတယ်။ ပထဝီဝင်အနေအထားအရ နေရာအနှံ့အပြားမှာ ကျွန်တော်တို့ရဲ့ ကာလရှည်ကြာလုပ်ငန်းဆောင်ရွက်ခဲ့သော စိစစ်လေ့လာချက်တွေအရ လူနှင့်နည်းပညာကိုပေါင်းစပ်လိုက်မည်ဆိုပါက စူးစမ်းရှာဖွေရေးနဲ့ ထုတ်လုပ်ရေးတွေမှာ ခရီးရောက်ပြီး သိသာထင်ရှားတဲ့ တိုးတက်မှုတွေရလာလိမ့်မယ်လို့ စိစစ်တွေ့ရှိခဲ့ပါတယ်။” ဟုပြောကြားခဲ့ပါသည်။

Mr. Piya က ဆက်လက်၍ “ဒါက ကျွန်တော်တို့ရဲ့ရည်မှန်းချက်နဲ့ ကိုက်ညီနေရုံသာမက ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ ကန့်သတ်ချက်ဘောင်တွေကိုပါ ကျော်လွန်နေပါပြီ။ ဒါကြောင့်လည်း ကျွန်တော်တို့ရဲ့ လက်ရှိလုပ်ငန်းလည်ပတ်မှုတွေနဲ့ ဆက်နွယ်နေတဲ့ နည်းပညာနဲ့ ဆန်းသစ်တီထွင်မှုတွေ ဥပမာအားဖြင့် သဲထိန်းချုပ်မှုပိုင်းပြီးပြတ်အောင်လုပ်ဆောင်ခြင်း Sand Control Completion နဲ့ Minimum Facility Platforms တွေမှာ အားသွန်ခွန်စိုက် ရင်းနှီးမြှုပ်နှံရမယ့် နိုင်ငံတွေထဲကတစ်ခုအဖြစ် မြန်မာနိုင်ငံကို ပီတီတီအီးပီက သတ်မှတ်ရွေးထုတ်ထားတာဖြစ်ပါတယ်။” ဟု အသေးစိတ်ရှင်းလင်းဖော်ပြခဲ့ပါသည်။

ယင်းညီလာခံ၏ မြန်မာနိုင်ငံဆိုင်ရာ အပိုင်းကဏ္ဍတွင် Mr. Piya သည် မြန်မာနိုင်ငံလျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ MPRL E&P၊ PETRONAS Carigali Myanmar Ltd၊ Total E&P Myanmar နှင့် Schlumberger တို့မှ ရေနံနှင့်သဘာဝဓာတ်ငွေ့ဆိုင်ရာ ကျွမ်းကျင်သူများ၊ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်ဆွေးနွေးသည့် ဆွေးနွေးပွဲ၌ ပြောကြားခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါဆွေးနွေးပွဲကဏ္ဍတွင် Mr. Piya က မြန်မာနိုင်ငံ မုတ္တမပင်လယ်ကွေ့တွင် လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်ရသည့် စိန်ခေါ်မှုများအကြောင်းကို ဝေငှပြောကြားခဲ့ပါသည်။ ရှာဖွေရေးမျက်နှာစာတွင် ပြတ်ရွေ့ကြောင်းများ ထူထပ်များပြားစွာရှိနေသော နေရာများ၊ နေရာအနှံ့တွင် သဘာဝဓာတ်ငွေ့အစုသေးသေးလေးများ ပျံ့နှံ့တည်ရှိနေခြင်းစသော ပထဝီမြေအနေအထားဆိုင်ရာ အခက်အခဲများက လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ မသေချာမရေရာမှုများနှင့် စွန့်စားဆောင်ရွက်ရမည့်အခြေအနေ အလွန်မြင့်မားနေပါသည်။ လုပ်ငန်းဖော်ဆောင်ဆဲအဆင့်တွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီများအနေဖြင့် လွန်တူးခြင်းနှင့် sand control[1] ဆိုင်ရာ အခက်အခဲများနှင့် ရင်ဆိုင်ကြရပါသည်။

သို့သော်လည်း ပထဝီဝင်ဆိုင်ရာ ပြည့်စုံကျယ်ပြန့်သော ဒေတာအချက်အလက်များ ရရှိနိုင်ရန်အတွက် သုံးဖက်မြင်အဆင့်မြင့်ဆိုက်စမစ်ဆန်းစစ်လေ့လာချက်များ စီမံဆောင်ရွက်ခြင်း၊ Myanmar Minimum Facility Platforms ကဲ့သို့သော တိုးတက်ဖော်ဆောင်မှုစနစ်အသစ်များကို လက်ခံကျင့်သုံးခြင်း၊ ထိုင်းနိုင်ငံပင်လယ်ကွေ့တွင် လုပ်ငန်းလည်ပတ်ခဲ့စဉ်ကရရှိခဲ့သော အတွေ့အကြုံနှင့် တွင်းတူးစင်တစ်ခုဖြင့် ရေနံတွင်းပေါင်းများစွာတူးသည့် batch drilling ကဲ့သို့သော အခြေခိုင်သည့် နည်းပညာများကို အသုံးချခြင်းတို့်ကြောင့် ပီတီတီအီးပီအနေဖြင့် သုံးဖက်မြင် ဆိုက်စမစ်ဆိုင်ရာ ဒေတာများရယူခြင်းတွင် ကုန်ကျစရိတ် ၅၀ ရာခိုင်နှုန်းသက်သာခြင်း၊ လွန်တူးခြင်းနှင့် သဲထိန်းခြင်းတို့တွင် ၈၀ ရာခိုင်နှုန်းနှင့် ၄၀ရာခိုင်နှုန်း အသီးသီးလျှော့ချနိုင်သဖြင့် ထုတ်လုပ်မှုလုပ်ငန်းစဉ်တစ်ခုလုံးအတွက် လိုအပ်သော အချိန် နှင့် ငွေကိုပါ လျော့ကျစေခဲ့ပါသည်။

ပီတီတီအီးပီသည် မုတ္တမပင်လယ်ကွေ့တစ်ခွင်တွင် ရေနံတူးဖော်ရှာဖွေထုတ်လုပ်မှုစီမံကိန်း ၅ ခု၊ ရတနာနှင့်ရဲတံခွန်စီမံကိန်းများတွင် ဖက်စပ်လုပ်ကိုင်နေသူ အော်ပရေတာတစ်ဦးအနေဖြင့် နောင်လာမည့် ငါးနှစ်တာကာလတွင် သွက်လက်တက်ကြွမှုအရှိဆုံး ရေနံနှင့်သဘာဝဓာတ်ငွေ့ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီတစ်ခုအဖြစ် ရပ်တည်သွားမည်ဖြစ်ပါသည်။ ၁၉၈၉ ခုနှစ်တွင် ပထမဆုံးအဖြစ်စတင်ဝင်ရောက်လာသော ပီတီတီအီးပီသည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ်တွင် အရှည်ကြာဆုံး ရင်းနှီးမြုပ်နှံသူနှင့် လုပ်ငန်းမိတ်ဖက်များထဲမှ တစ်ဦးဖြစ်ပါသည်။

Mr. Piya က “မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ပီတီတီအီးပီက ပထမဆုံးပြည်ပလုပ်ငန်း ဆောင်ရွက်တဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီအိမ်ရှင်နိုင်ငံအတွက် ယုံကြည်စိတ်ချရတဲ့ စွမ်းအင်တွေ၊ ရေရှည်တည်တံ့တဲ့ တန်ဖိုးထားမှုတွေ ဖြည့်ဆည်းပေးဖို့ ကျွန်တော်တို့ ကတိကဝတ်ပြုထားပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ရေနံရှာဖွေထုတ်လုပ်ရေးလုပ်ငန်းတွေ တွင်ကျယ်မြန်ဆန်စေဖို့အတွက် ပြည်တွင်းလုပ်သားအင်အားစုနဲ့ နည်းပညာပိုင်းတွင် ဆက်လက်ရင်းနှီးမြှုပ်နှံသွားမှာပါ။ မဝေးတော့တဲ့အနာဂတ်မှာ ကျွန်တော်တို့အနေနဲ့ ကုန်ကြမ်းရနိုင်မယ့်နေရာတွေရှာဖွေခြင်းအပြင် ထုတ်လုပ်မှု၊ ကုန်ချောအဖြစ်သန့်စင်ပြီး ဖြန့်ချိမှုအပိုင်းတွေအထိပါ လုပ်ငန်းတွေချဲ့ထွင်သွားဖို့ မျှော်မှန်းထားပါတယ်။” ဟုပြောကြားခဲ့ပါသည်။

OTC Asia 2018 သည် နိုင်ငံတကာအဆင့် စွမ်းအင်ပညာရှင်များ တစ်စုတစ်စည်းတည်း ဆုံတွေ့ကြပြီး အထူးသဖြင့် အာရှကမ်းလွန်ရေနံလုပ်ငန်း နှင့် ပတ်သက်သည့် အသိပညာများ၊ နောက်ဆုံးပေါ် ခေတ်မီနည်းပညာများကို ဝေမျှဆွေးနွေးကြသည့် အာရှ၏အဓိကကမ်းလွန်စွမ်းအင်လုပ်ငန်းအခမ်းအနားများထဲမှ တစ်ခုဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်အခမ်းအနားကို နိုင်ငံပေါင်း ၈၀ မှ စွမ်းအင်ပညာရှင်ပေါင်း ၂၅,၀၀၀ ကျော် တက်ရောက်ခဲ့ကြပါသည်။