Myanmar Asset Press Release
ပီတီတီအီးပီမြန်မာ့စီမံကိန်းက ဆဌမအကြိမ်မြောက် အဆင့်မြင့်သက်မွေးပညာဒီပလိုမာပညာသင်ဆုအစီအစဉ်ဖြင့် မြန်မာ့လူသားအရင်းအမြစ်ကဏ္ဍဖွံ့ဖြိုးတိုးတက်မှုအတွက် ဆက်လက်ပံ့ပိုးကူညီ

၀၉ နိုဝင်ဘာ ၂၀၁၈။ ရန်ကုန်။ မြန်မာ – မြန်မာနိုင်ငံ၏စီးပွားရေး အထူးသဖြင့် ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ကဏ္ဍတွင် ကျွမ်းကျင်မှုအရည်အသွေးမြင့်မားသည့် လူ့စွမ်းအားတိုးတက်ဖွံ့ဖြိုးမှုအတွက် ကူညီပံ့ပိုးပေးမည်ဟူသော ကတိကဝတ်ထားရှိမှုကို ပိုမိုအားဖြည့်သောအနေဖြင့် ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် ပီတီတီ Group ၊ မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာနိုင်ငံပညာရေးဝန်ကြီးဌာနတို့နှင့်အတူတွဲပြီး ကျောင်းသား ၂၀ ဦးကို နိုဗိုတယ် ရန်ကုန် မက်စ်ဟိုတယ်၌ ယနေ့ကျင်းပသော အခမ်းအနားတွင် အဆင့်မြင့်သက်မွေးပညာဒီပလိုမာပညာသင်ဆု High Vocational Diploma Scholarships (HVD) များ ချီးမြှင့်လိုက်ပါသည်။
ဆုချီးမြှင့်ပွဲအခမ်းအနားသို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးရုံး၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာအေးမြင့် နှင့် PTT Group ၏ International Business Strategy and Development မှ Executive Vice President ဖြစ်သော Ms. Sunee Areekul တို့ တက်ရောက်ချီးမြှင့်ကြပါသည်။
အခမ်းအနားတွင် ပီတီတီအီးပီ မြန်မာ့စီမံကိန်း၏ General Manager ဖြစ်သူ Mr. Piya Sukhumpanumet က “မြန်မာနိုင်ငံရဲ့ ရေရှည်တည်တံ့တဲ့ တိုးတက်မှုလမ်းကြောင်းအတွက် ကျွမ်းကျင်ပြီးအရည်အသွေးပြည့်ဝတဲ့ လုပ်သား အင်အားထု မရှိမဖြစ်လိုအပ်ပါတယ်။ ပင်ကိုပါရမီရှိသူတွေကို ပိုမိုလိုအပ်လာတာကြောင့် အဲဒီလိုအပ်ချက် ပြည့်မီအောင်လို့ ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေနဲ့ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးဆောင်မောင်းနှင်ကြမယ့် ကြံ့ခိုင်ပြီးစွမ်းဆောင်ရည်ပြည့်ဝတဲ့ လုပ်သားအင်အားစုဖြစ်လာအောင် အားဖြည့်ကူညီပေးနိုင်ဖို့ HVD ပညာသင်ဆုအစီအစဉ်ကို ၂၀၁၃ ခုနှစ်မှာ စတင် မိတ်ဆက်ခဲ့တာပါ။” ဟု သုံးသပ်ပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး “ဒီနှစ်မတ်လတုန်းကလည်း HVD ဒုတိယအသုတ် ကျောင်းသားတွေထဲက ၃၁ ဦးကို သင်တန်းပြီးဆုံးအောင်မြင်မှု အပ်နှင်းတဲ့အခမ်းအနားကို ကျင်းပခဲ့ပါသေးတယ်။ ပညာသင်ဆု ဆဌမမြောက်အစီအစဉ်ကို ထိုက်ထိုက်တန်တန်ရရှိလာတဲ့ ကျောင်းသား ၂၀ ကိုလည်း ၀မ်းမြောက်ဝမ််းသာ လက်ခံကြိုဆိုပါတယ်။ ကျောင်းသားတွေရဲ့ စွမ်းဆောင်ရည်နဲ့ အနာဂတ်မျှော်လင့်ချက်တွေကိုတိုးတက်မြင့်မားလာအောင် ဒီအခွင့်အရေးကို အကောင်းဆုံးအသုံးချဖို့ တိုက်တွန်းပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။
HVD ပညာသင်ဆုအစီအစဉ်သည် အစိုးရစက်မှုလက်မှုသိပ္ပံ (AGTI) မှ မြန်မာကျောင်းသားများအား ပီတီတီ Group မှ အပြည့်အဝကမ်းလှမ်းပေးအပ်သည့် နှောင်ကြိုးမဲ့ပညာသင်ဆု အစီအစဉ်ဖြစ်ပါသည်။ အဆိုပါအစီအစဉ်အရ ဆုရကျောင်းသားများသည် ထိုင်းနိုင်ငံရှိ IRPCTကျောင်းတွင်သက်မွေးပညာရပ်သင်တန်းကို လေးနှစ်ကြာ သင်ယူရပါသည်။
လျှပ်စစ်စွမ်းအားနှင့်အီလက်ထရောနစ်ပညာ၊ စက်မှုပုံဆွဲပညာ၊ ဂဟေဆော်ခြင်းနှင့် CNC[1] machining စက်ပညာစသည့် စက်မှုလုပ်ငန်းကုန်သွယ်မှုများအတွက် လိုအပ်သည့်လုပ်ငန်းခွင်တွင် အချင်းချင်းဆက်သွယ်မှုနှင့် နည်းပညာ စက်မှုပညာရပ်ပိုင်းဆိုင်ရာကျွမ်းကျင်မှုများဖြင့် သင်တန်းသားများအားပြည့်ဝအောင် ဖြည့်ဆည်းပေးနိုင်ရန်စာသင်ခန်း၊ လက်တွေ့နှင့် အလုပ်သင်လေ့ကျင့်သင်ကြားမှုတို့ ပေါင်းစပ်ထားသောသင်ရိုးညွှန်းတမ်းကို ရေးဆွဲပုံဖော်ထားပါသည်။ ကိုယ်ပိုင်ငွေကြေးစီမံခန့်ခွဲမှု၊ စီးပွားရေးလုပ်ငန်းနှင့် စွန့်ဦးတီထွင်လုပ်ငန်းများအတွက်လည်း ကျောင်းသားများအား လေ့ကျင့်သင်ကြားပေးပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနဝန်ကြီးရုံး၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးဌေးအောင်က ပုဂ္ဂလိကလုပ်ငန်းများနှင့် အများပြည်သူပိုင်ကဏ္ဍတို့ ပူးပေါင်းဆောင်ရွက်ခြင်းသည် စီးပွားရေးတိုးတက်မှုနှင့် တိုင်းပြည်၏ရေရှည်သာယာဝပြောမှုတို့ကို ထိန်းသိမ်းထားနိုင်အတွက် အလွန်အရေးပါလှကြောင်း အထူးအလေးပေးပြောကြားခဲ့ပါသည်။
ဆက်လက်ပြီး “မြန်မာနိုင်ငံဟာ သဘာဝအရင်းအမြစ်တွေကြွယ်ဝတဲ့ နိုင်ငံတစ်ခုပါ။ အဲဒီအရင်းအမြစ်တွေကို ထုတ်လုပ်ရယူနိုင်ဖို့ ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းနယ်ပယ်လိုမျိုး စက်မှုလုပ်ငန်းကဏ္ဍတွေမှာ အရည်အသွေး ပြည့်ဝကျွမ်းကျင်တဲ့ ပြည်တွင်းလုပ်သားအင်အားစု လိုအပ်ပါတယ်။ မြန်မာ့စီးပွားရေးကို ဆက်လက်ရှင်သန်တိုးတက်နိုင်စေဖို့ ကျောင်းသူကျောင်းသားတွေအနေနဲ့ စာတွေ့သီအိုရီတွေကိုသာမက လက်တွေ့လေ့ကျင့်သင်ယူနိုင်တဲ့ အသက်မွေးဝမ်းကျောင်းပညာသင်တန်းတွေကို မရှိမဖြစ်လိုအပ်ပါတယ်။ အခုဆိုရင် ပဥ္စမမြောက်နှစ်ကိုရောက်ရှိလာပြီဖြစ်တဲ့ HVD ပညာသင်ဆုအစီအစဉ်ဟာ မြန်မာနိုင်ငံ နဲ့ ထိုင်းနိုင်ငံနှစ်နိုင်ငံအကြား စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်မှုရဲ့စံနမူနာကောင်းတစ်ခုလည်းဖြစ်ပါတယ်။ အသိပညာဗဟုသုတတွေဖလှယ်ပေးနိုင်တဲ့၊ အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ အများအကျိုးရှိမယ့် အတွေ့အကြုံကောင်းတွေကို တည်ဆောက်ပေးနိုင်တဲ့ ဒီလိုပူးပေါင်းဆောင်ရွက်မှုကောင်းတွေကို ထပ်မံလုပ်ဆောင်နိုင်ဖို့ မျှော်လင့်ပါတယ်။” ဟု ဦးဌေးအောင်က ပြောကြားခဲ့ပါသည်။
ပီတီတီ Group နှင့်၎င်း၏လုပ်ငန်းခွဲ subsidiaries [2] များက စတင်ဖော်ဆောင်ခဲ့သော HVD ပညာသင်ဆု အစီအစဉ်ကို မြန်မာနိုင်ငံ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့၏ ပံ့ပိုးမှု၊ ပူးပေါင်းဆောင်ရွက်မှုတို့ဖြင့် ၂၀၁၃ ခုနှစ်တွင်စတင်ခဲ့ပါသည်။ ယနေ့အချိန်အထိ မြန်မာကျောင်းသားပေါင်း ၁၅၀ ကို ပညာသင်ဆုအပ်နှင်းထားပြီး အစီအစဉ်ပြီးဆုံးအောင်မြင်သူ မြန်မာ HVD ပညာသင် ၆၈ ဦး ရှိသွားပြီဖြစ်ပါသည်။
-ပြီး-
[1] CNC (Computer Numerical Control) machining ဟူသည် ကုန်ပစ္စည်းများထုတ်လုပ်ရာတွင် စက်ပစ္စည်းကိရိယာများကို ထိန်းချုပ်ရန်အတွက် ကွန်ပျူတာများ အသုံးပြုခြင်း ပါ၀င်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပါည်။
[2] PTT Group ၏ လုပ်ငန်းခွဲများတွင် PTT, PTTEP, Thai Oil Public Company Limited, PTT Global Chemical Public Company Limited နှင့် Global Power Synergy Plc. တို့ ပါ၀င်ပါသည်။