Myanmar Asset Press Release
ပီတီတီအီးပီသည် ၂၀၁၉ ခုနှစ် ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၃,၂၅၆သန်း သတ်မှတ်
၂၂ ဇန်နဝါရီလ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – PTT Exploration and Production Public Company Limited (PTTEP) သည် ရှိနှင့်ပြီးသားလုပ်ငန်းပိုင်ဆိုင်မှု၏ ထုတ်လုပ်မှုအဆင့်တိုင်းမှ တီထွင်ဖန်တီးမှုများကို ရေနံစူးစမ်းရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း (E&P) လုပ်ဆောင်ချက်တို့မှတဆင့် ထည့်သွင်းနိုင်ရန် ကုမ္ပဏီ၏ရေရှည်တိုးတက်ကြီးထွားမှုအတွက် ရေနံအထွက်များသောနေရာများတွင် ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ပံ့ပိုးနိုင်ရန်အတွက် ၅ နှစ်တာ (၂၀၁၉ - ၂၀၂၃) ကာလ ရင်းနှီးမြှုပ်နှံမှု စီမံထားချက်များကို ထုတ်ပြန်ကြေညာလိုက်ပါသည်။
ပီတီတီအီးပီ ၏ Chief Executive Officer ဖြစ်သော Phongsthorn Thavisin က ၂၀၁၉ ခုနှစ်တွင် ပီတီတီအီးပီ နှင့် ၎င်း၏လုပ်ငန်းခွဲများအတွက် စုစုပေါင်းအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၃,၂၅၆ သန်း (မြန်မာ ကျပ်ငွေ ၅,၀၀၇,၇၂၈ သန်း) သတ်မှတ်ထားရာ ယင်းပမာဏအနက် အမေရိကန်ဒေါ်လာ ၁,၈၄၀ သန်း (မြန်မာကျပ်ငွေ ၂,၈၂၉,၉၂၀ သန်း) မှာ ငွေလုံးငွေရင်းအသုံးစရိတ် Capital Expenditure (CAPEX) ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁,၄၁၆ သန်း (မြန်မာကျပ်ငွေ၂,၁၇၇,၈၀၈ သန်း) မှာ လုပ်ငန်းလည်ပတ်မှု အသုံးစရိတ် Operating Expenditure (OPEX) ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ကုမ္ပဏီ၏ ပျမ်းမျှရေနံအရောင်းပမာဏကိုလည်း တစ်နေ့လျှင် ရေနံစည်ပေါင်း ၃၁၈,၀၀၀ စည် Barrels of oil equivalent per day (BOED) ဟု ရည်မှန်းသတ်မှတ်ထားပါသည်။
၂၀၁၉ CAPEX ကို အဓိကလုပ်ငန်းရည်မှန်းချက်ကြီးသုံးခုအတွက် ခွဲဝေသတ်မှတ်ထားပါသည်။ ပထမ CAPEXမှာ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံ၏ လက်ရှိစီမံကိန်းများ၏ ထုတ်လုပ်မှုကို ပုံမှန်အတိုင်းဆက်လက်ထိန်းထားရန် အမေရိကန်ဒေါ်လာ ၁,၁၅၉ သန်း (မြန်မာကျပ်ငွေ ၁,၇၈၂,၅၄၂ သန်း) ခွဲဝေသုံးစွဲခြင်း ဖြစ်ပါသည်။ ယင်းစီမံကိန်းများတွင် S1 စီမံကိန်း၊ Bangkot စီမံကိန်း၊ Arthit စီမံကိန်း၊ MTJDA စီမံကိန်း နှင့် ဇောတိကစီမံကိန်း ပါဝင်ပါသည်။ ဒုတိယအနေဖြင့် ရေနံသိုလှောင်ထားမှုနှင့် အနာဂတ်ထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် ပီတီတီအီးပီသည် CAPEX အမေရိကန်ဒေါ်လာ ၄၉၀ သန်း (မြန်မာကျပ်ငွေ ရ၅၃,၆၂၀ သန်း) ခွဲဝေသုံးစွဲရန် စီစဉ်ထားပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အပြီးသတ်ဆုံးဖြတ်ချက်အရ အဓိကတိုးတက်ဖွံ့ဖြိုးမှု စီမံကိန်းများဖြစ်သည့် မိုဇမ်းဘစ် Rovuma ကမ်းလွန်ဧရိယာ ၁ စီမံကိန်း၊ အယ်လ်ဂျီးရီးယား Hassi Bir Rekaiz စီမံကိန်း၊ ဗီယက်နမ် B & 48/95 နှင့် ဗီယက်နမ် 52/97 စီမံကိန်းနှင့် Contract 4 (Ubon) စီမံကိန်းတို့အား ပံ့ပိုးပေးမည်ဖြစ်ပါသည်။ တတိယရည်မှန်းချက်အရ ကုမ္ပဏီသည် ရေရှည်တိုးတက်ကြီးပွားမှုကို အထောက်အကူဖြစ်စေမည့် အားထားရသောအရင်းအမြစ်များကို ပိုမိုမြှင့်တင်ရန်အတွက် မြန်မာနိုင်ငံနှင့် မလေးရှားနိုင်ငံတို့တွင်ရှိသော စီမံကိန်းများအတွက် ရေနံစူးစမ်းလေ့လာရှာဖွေသည့် လုပ်ငန်းများလုပ်ဆောင်ရန်အတွက် အမေရိကန်ဒေါ်လာ ၁၉၁ သန်း (မြန်မာကျပ်ငွေ ၂၉၃, ရ၅၈ သန်း) ကို ခွဲဝေသုံးစွဲပါမည်။
Phongsthorn မှ “၂၀၁၉ ခုနှစ်ကစပြီး ပီတီတီအီးပီမှ ပိုမိုသွက်လက်သော မဟာဗျူဟာတွေနဲ့ လက်ရှိပြိုင်ဆိုင်မှုစရိတ်တွေကို ထိန်းထားရင်း တစ်ဖက်မှာလည်း လုပ်ငန်းလည်ပတ်မှု စွမ်းရည်တွေ ခိုင်မာအောင် နည်းပညာအသစ်တွေ အသုံးပြုလျက် ရှေ့ကိုဆက်လက်ချီတက်သွားမှာဖြစ်ပြီး အခုလက်ရှိ ရေနံစူးစမ်းရှာဖွေခြင်းနှင့် ထုတ်လုပ်ခြင်း (E&P) တန်ဖိုးများကို အကောင်းဆုံးအသုံးချနိုင်အောင် တိုးမြှင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ယှဉ်ပြိုင်မှု တိုးတက်မြင့်မားလာရန် ရည်မှန်းလုပ်ဆောင်နေပြီး ကျွန်တော်တို့၏လုပ်ငန်းများတွင် အမျိုးမျိုးပြောင်းလဲထုတ်လုပ်မှုစီမံချက်မှတဆင့် Gas Value Chain လုပ်ငန်း၊ robotics နည်းပညာ၊ အသိဉာဏ်တု artificial intelligence (AI) နည်းပညာနဲ့ ပြန်လည်အစားထိုး စွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ဦးစားပေးတဲ့ လုပ်ငန်းအမျိုးမျိုး ပြောင်းလဲမယ့်အစီအစဉ်တွေပြုလုပ်ပြီး ပြိုင်ဆိုင်မှုတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ ရည်မှန်းထားပါတယ်။” ဟု ပြောကြားခဲ့ပါသည်။ စီစဉ်ထားသည့်အတိုင်း လုပ်ငန်းလည်ပတ်မှု အလျဉ်မပြတ်စေရန်အတွက်လည်း ပီတီတီအီးပီသည် ၅နှစ်တာ (၂၀၁၉ - ၂၀၂၃) လုပ်ငန်းလည်ပတ်မှုဘတ်ဂျက် အမေရိကန်ဒေါ်လာ ၁၆,၁၀၅ သန်း (မြန်မာကျပ်ငွေ ၂၄,၇၆၉, ၄၉၀ သန်း) ကို အောက်ဖော်ပြပါအတိုင်း အသေးစိတ်ခွဲဝေထားပါသည်။
ယူနစ်- အမေရိကန်ဒေါ်လာ သန်း
| ၂၀၁၉ | ၂၀၂၀ | ၂၀၂၁ | ၂၀၂၂ | ၂၀၂၃ | ၂၀၁၉-၂၀၂၃ | |
|---|---|---|---|---|---|---|
| ငွေလုံးငွေရင်းကုန်ကျစရိတ် | ၁,၈၄၀ | ၁,၆၆၇ | ၂,၂၂၃ | ၁,၉၂၇7 | ၁,၆၅၃ | ၉,၃၁၀ |
| လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် | ၁,၄၁၆ | ၁,၂၇၉ | ၁,၂၅၆ | ၁,၆၃၃ | ၁,၂၁၁ | ၆,၇၉၅ |
| အသုံးစရိတ်စုစုပေါင်း | ၃,၂၅၆ | ၂,၉၄၆ | ၃,၄၇၉ | ၃,၅၆၀ | ၂,၈၆၄ | ၁၆,၁၀၅ |
၅-နှစ်တာ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်နှင့်အညီ ၂၀၁၉-၂၀၂၃ ကာလအတွင်း တစ်ရက်လျှင် ရေနံရောင်းချမှု ပျမ်းမျှမျှော်မှန်းထားသောအရောင်းပမာဏမှာ အောက်ပါဇယားအတိုင်းဖြစ်ပါသည်။ ဖော်ပြထားသောကိန်းဂဏန်းများတွင် ထိုင်းပင်လယ်ကွေ့ရှိ ကမ်းလွန်လုပ်ငန်းအစုများဖြစ်သည့် No. G1/61 (Erawan) နှင့် G2/61 (Bongkot) တို့အတွက် သက်တမ်းကုန်တော့မည့် ရေနံတွင်းအထူးစျေးပြိုင်လျှော့စျေးဖြင့် လေလံဆွဲခြင်းများကို ပေါင်းထည့်ရန်ဖြစ်ပါသည်။
ယူနစ်- တစ်နေ့လျှင်ထုတ်နိုင်သောရေနံစည်ပေါင်း
| ၂၀၁၉ | ၂၀၂၀ | ၂၀၂၁ | ၂၀၂၂ | ၂၀၂၃ | |
|---|---|---|---|---|---|
| ပျမ်းမျှရေနံအရောင်းမျှော်မှန်းချက်ပမာဏ | ၃၁၈,၀၀၀ | ၃၂၅,၀၀၀ | ၃၂၆,၀၀၀ | ၂၈၀,၀၀၀ | ၂၃၅,၀၀၀ |