သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီမြန်မာ့စီမံကိန်း မှ ကံပေါက်ဒေသရှိကလေးငယ်များ ကပ်ပါးပိုးမွှားကူးစက်ခြင်းမှကာကွယ်ရန် “ကပ်ပါးပိုးမွှားကင်းစင်ရေး စီမံကိန်း” ပြုလုပ်

27 Jul 2020

၂၁ ဇူလိုင် ၂၀၂၀၊ မြန်မာ။         ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ဇောတိကစီမံကိန်း တည်ရှိရာ မြန်မာ့ကမ်းရိုးတန်း တောင်ပိုင်း၊ တနင်္သာရီတိုင်း‌ဒေသကြီးရေဖြူမြို့နယ်၊ကံပေါက်ဒေသအနီးနေထိုင်လျက်ရှိသည့်ဒေသခံများအတွက်လူနေမှုဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်၍ကျန်းမာရေးစစ်တမ်းတစ်ခုကို၂၀၀၉ခုနှစ်မှာစတင်ကောက်ခံခဲ့ပါသည်။

အဆိုပါ စစ်တမ်းအရ ကလေးငယ် ၆၀ ရာခိုင်နှုန်းတွင် ဖွံ့ဖြိုးကြီးထွားမှုကို အဓိကသက်ရောက်သည့် အူအတွင်းဖြစ်ပွားတတ်သော ကပ်ပါးရောဂါပိုး ကူးစက်ခံနေရကြောင်း ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ သုတေသနပြုနိုင်ခဲ့ပါသည်။ ရောဂါကူးစက်ခံရခြင်း၏ အဓိကအကြောင်းအရင်းများမှာ မသန့်ရှင်းသော အစားအစာများ စားမိခြင်း၊ မသန့်ရှင်းသော ရေအိမ်များ အသုံးပြုခြင်း၊ ရေကောင်းရေသန့်ရှားပါးမှု နှင့် တစ်ကိုယ်ရေသန့်ရှင်းမှုဆိုင်ရာအခြေခံအသိပညာဗဟုသုတ အားနည်းခြင်းတို့ကြောင့် ဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

အဆိုပါ တွေ့ရှိချက်များအပေါ် အခြေခံ၍ ဇောတိကစီမံကိန်း၊ သဘာဝဓာတ်ငွေ့ပိုက်လိုင်းတည်ရှိသော နေရာတစ်လျှောက်ရှိ စာသင်ကျောင်းလေးကျောင်းတွင် သူငယ်တန်း မှ ပဉ္စမတန်း ကျောင်းသား၊ ကျောင်းသူများအတွက် ကပ်ပါးပိုးမွှားကင်းစင်ရေးစီမံကိန်းအား ရှေ့ပြေးစီမံကိန်း အဖြစ် စတင် ဆောင်ရွက်ခဲ့သည်။ ယင်းစီမံကိန်းကို ထောက်ပံ့ပေးသည့် အခြေခံကျန်းမာရေး၊ ဓာတ်ခွဲခန်းရောဂါရှာဖွေရေးနှင့်ကပ်ပါးရောဂါကုသပေးခြင်းတို့ကိုလည်း ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ကျန်းမာရေး စစ်ဆေးခြင်းဆိုင်ရာအစီအစဉ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း၏ အခြေခံမူများနှင့်အညီ ဆေးကုသရေးအဖွဲ့ဝင်များက (လတစ်ကြိမ် လာရောက် စစ်ဆေးပေးလျက် ရှိပါသည်။

ပထမအကြိမ်စစ်ဆေးမှုအဖြစ် နှစ်စဉ် ဇွန်လတိုင်းတွင် ကလေးငယ်များအား တစ်ကိုယ်ရေသန့်ရှင်းမှုနည်းစနစ်များ၊ရေအိမ်စနစ်တကျအသုံးပြုပုံနှင့် အူတွင်းကပ်ပါးကောင်များ၏ အန္တရာယ်အကြောင်း ရှင်းလင်းပြောပြခြင်း၊ ကလေးများထံမှ မစင်နမူနာများရယူ၍ သင့်လျော်သည့် ကုသမှုများပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပါသည်။  ဒုတိယအကြိမ်အဖြစ် နှစ်စဉ်ဒီဇင်ဘာလတွင် ယခင်ရယူထားသည့် မစင်နမူနာရလဒ်များနှင့် တစ်ကိုယ်ရေသန့်ရှင်းမှုအခြေအနေအား စစ်ဆေးအကဲဖြတ်ခြင်းတို့ကို ဆက်လက်ဆောင်ရွက်ပါသည်။ အဆိုပါ ဆောင်ရွက်ချက်များအားလုံးကို ကျောင်းနေကလေးများအားလုံးအတွက် အခမဲ့ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။

၂၀၁၀ ပြည့်နှစ်မှစတင်ခဲ့သည့်ယင်းစီမံကိန်းကြောင့်ကျေးရွာပေါင်း(၃၅) ရွာမှ ကျောင်းနေကလေးငယ်ပေါင်း ငါးထောင်ကျော် သည် ကျန်းမာရေးအကျိုးကျေးဇူးများ ရရှိခဲ့ပြီး ကပ်ပါးပိုးမွှားကူးစက်မှုနှုန်းမှာလည်း ၂၀၁၀ ခုနှစ်အတွင်း (၄၁.ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၁၉ ခုနှစ်အရောက်တွင် (.ရာခိုင်နှုန်းသို့ လျော့ကျခဲ့ပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေ မန်နေဂျာ ဖြစ်သူ Mr. Piya Sukhumpanumet က “မြန်မာနိုင်ငံမှာ နှစ်ပေါင်း (၃၀ကျော်ကြာ ရင်းနှီးမြှုပ်နှံခဲ့တဲ့ လုပ်ငန်းတစ်ခုအနေနဲ့ ပြည်သူတွေရဲ့ အကျိုးကို ဦးစားပေးဖို့က ကျွန်တော်တို့ရဲ့အဓိကတာဝန်ပါပဲ။ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းမှုတွေထဲက တစ်ခုဖြစ်တဲ့ ကပ်ပါးပိုးမွှားကင်းစင်ရေးစီမံကိန်းဟာလည်း တစ်ချိန်မှာ မြန်မာနိုင်ငံအတွက် အဓိက ဦးဆောင်သူတွေဖြစ်လာကြမယ့် ဒီကလေးငယ်တွေရဲ့ ဘဝကို ပိုမိုတိုးတက်စေဖို့ ရည်ရွယ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။