သတင်း နှင့် မီဒီယာ

သတင်း

“စွန့်ပစ်အမှိုက်မှသည်စွမ်းအင်ဆီသို့” CSR စီမံကိန်း စတင်အကောင်အထည် ဖော်ခြင်းဖြင့် ပီတီတီအီးပီမြန်မာ့စီမံကိန်း က ကံပေါက်ဒေသခံများအား အမှိုက်ကိုရတနာဖြစ်လာအောင် ကူညီမည်

4 Feb 2020

ရန်ကုန်၊ မြန်မာ။ ၂၀ ဇန်နဝါရီ ၂၀၂၀ – ပီတီတီအီးပီမြန်မာ့စီမံကိန်း က မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ၎င်း၏ ပထမဆုံးသော “စွန့်ပစ်အမှိုက်မှသည်စွမ်းအင်ဆီသို့” CSR စီမံကိန်းကို စတင်မည်ဖြစ်ကြောင်း ယနေ့ ထုတ်ပြန်ကြေညာလိုက်ပါသည်။အဆိုပါစီမံကိန်းအရ PTTEP Myanmar Asset သည် ဇီဝအခြေခံစွန့်ပစ်အမှိုက်များကို ချက်ပြုတ်ရေးနှင့် လယ်ယာစိုက်ပျိုးရေးတို့တွင် အသုံးပြုနိုင်သည့် ဇီဝဓာတ်ငွေ့လောင်စာဆီ နှင့် ဓာတ် မြေသြဇာအရည်များအဖြစ်ပြောင်းလဲထုတ်လုပ်ပေးခြင်းဖြင့် ဒေသခံလူထု၏ ဘဝအရည်အသွေးကို မြှင့်တင်ပေး နိုင်မည့် စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ထုတ်လုပ်သော ဇီဝလောင်စာသုံး အိမ်သုံး မီးဖိုစနစ် (၃၁) စုံကို ကံပေါက်ဒေသတွင် ယခုလအတွင်း စတင်တပ်ဆင်မည်ဖြစ်ပါသည်။

အဆိုပါ ဇီဝဓာတ်ငွေ့သုံး မီးစက်တစ်လုံးစီသည် စွန့်ပစ်အမှိုက် (၄.၅) ကုဗမီတာကို ၂ရက် ၃ ရက်ကြာအောင် ဆက်တိုက် အသုံးခံသည့် ဇီဝဓာတ်ငွေ့အဖြစ် ပြောင်းလဲထုတ်လုပ်ပေးနိုင်သည့် စွမ်းရည်ရှိသည့်အတွက် ဤ “စွန့်ပစ်အမှိုက်မှသည် စွမ်းအင်ဆီသို့” စီမံကိန်းသည် အမှိုက်စွန့်ပစ်မှုအတွက် ကောင်းစွာစီမံခန့်ခွဲပြီးဖြစ်သကဲ့သို့ ချက်ပြုတ်ရန်ဓာတ်ငွေ့၊ မီးသွေး၊ ထင်း စသည်တို့အတွက် ကုန်ကျစရိတ်ကိုလည်း လျှော့ချပေးနိုင်မည်ဟု မျှော်မှန်းရပါသည်။ ထို့အပြင် တောင်သူလယ်သမားများအတွက် သီးနှံအထွက်နှုန်းတိုးစေမည့် ဇီဝဓာတ်မြေသြဇာရည်ကိုလည်း ထုတ်လုပ်ပေးမည်ဖြစ်ပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း ၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Piya Sukhumpanumet က “ရေရှည်ထိန်းသိမ်းထားတဲ့ တိုးတက်ဖွံ့ဖြိုးမှုဆိုတာက ကျွန်တော်တို့လုပ်ငန်းရဲ့အဓိကအချက်ပါ။ “စွန့်ပစ်အမှိုက်မှသည်စွမ်းအင်ဆီသို့” စီမံကိန်းက ကျွန်တော်တို့ရဲ့လုပ်ငန်း ကြီးပွားတိုးတက်မှုအတွက်ကိုသာမက လူမှုဝန်းကျင်တိုးတက်မှုနဲ့ သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကြီးကြပ်ထိန်းသိမ်းမှုအပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို လက်တွေ့ အကောင်အထည်ဖော်ပြတဲ့ တကယ့်ပဏာမခြေလှမ်းပါပဲ။” ဟု ပြောကြားခဲ့ပါသည်။

ဆက်လက်ပြီး “PTTEP အနေဖြင့် ထိုင်းနိုင်ငံ ရှိ Sinphuhorm နဲ့ Suphanburi မြို့တွေမှာ လက်ရှိဆောင်ရွက်နေတဲ့ CSR ဇီဝဓာတုစီမံကိန်းတွေဟာ စွန့်ပစ်ပစ္စည်းထိန်းချုပ်ကိုင်တွယ်မှုနဲ့ စွမ်းအင်ရရှိနိုင်အောင်တိုးမြှင့်ဆောင်ရွက်မှုတွေမှာ ထိရောက်ကြောင်းကို သက်သေပြနိုင်ခဲ့ပြီးဖြစ်ပါတယ်။ ကျွန်တော်တို့ လေ့လာသင်ယူထားခဲ့တာတွေနဲ့ နည်းပညာတွေကို မြန်မာနိုင်ငံအတွက် ဒီကနေ့လွှဲပြောင်းပေးရင်း ထိုင်းနိုင်ငံမှာအောင်မြင်ခဲ့တာတွေကို ကန်ဘောက်ဒေသ မှာ ပြန်လည် ဆင့်ပွားယူနိုင်မှုအတွက် ကျွန်တော်တို့ အင်မတန် စိတ်လှုပ်ရှားဝမ်းမြောက်မိပါတယ်။” ဟု ထပ်လောင်းပြောကြားခဲ့ပါသည်။

ယခုစီမံကိန်း စတင်နိုင်ခြင်းသည် ထိုင်းနိုင်ငံ Suphanburi မြို့တွင် လက်ရှိဆောင်ရွက်နေသော PTTEP ၏ ဇီဝ ဓာတ်ငွေ့စီမံကိန်းသို့ လေ့လာရေးခရီးစဉ်၊ ပြည်တွင်းလိုအပ်ချက်များရရှိနိုင်မှုနှင့် ကန်ဘောက်ရှိဝန်ထမ်းများအား လေ့ကျင့်သင်ကြားပေးမှုတို့အတွက် ဆောင်ရွက်ပေးသော PTTEP ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်၏ခရီးစဉ်နှင့် ဤစီမံကိန်းကို လက်တွေ့ဆောင်ရွက်၍ရနိုင်၊မရနိုင် လေ့လာမှုတို့ ပေါင်းစည်းခြင်း၏ရလဒ် ဖြစ်ပါသည်။
ကန်ဘောက်ရှိ ဗောဓိမာရ်အောင်ဘုန်းကြီးကျောင်းတွင် စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ထုတ်လုပ်သော ဇီဝလောင်စာသုံး အိမ်သုံး မီးဖိုစနစ် တစ်လုံး စမ်းသပ်တပ်ဆင်ပြီး ရှေ့ပြေးစီမံကိန်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ၌ စတင် ဆောင်ရွက်နိုင်ခဲ့ပါသည်။

ပီတီတီအီးပီမြန်မာ့စီမံကိန်း အနေဖြင့် စီမံကိန်း၏တစ်စိတ်တစ်ပိုင်းအဖြစ် ဒေသခံများနှင့် ရွာသူရွာသားများ၏လိုအပ်ချက်များ၊ စွန့်ပစ်အမှိုက်စီမံမှုနှင့် စွမ်းအင်ထုတ်လုပ်မှုအဆင့်နှင့်ပတ်သက်ပြီး ပူပန်ရခြင်းများကို သိရှိနားလည် အောင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ဒေသခံများ၊ ရပ်ရွာခေါင်းဆောင်များအား စွန့်ပစ် အမှိုက်မှသည်စွမ်းအင်ဆီသို့ ပြောင်းလဲမှုနှင့် မိတ်ဆက်ပေးပြီးချိန်မှစ၍ ၎င်းတို့အနေဖြင့် စီမံကိန်းအပေါ် ထောက်ခံပေးမှုများကိုလည်း ပြသခဲ့ကြပါသည်။

ဗောဓိမာရ်အောင် ဘုန်းကြီးကျောင်း၊ကျောင်းထိုင်ဆရာတော် ဥူးဉာဏိဿရ က “ဘုန်းဘုန်းတို့ကျောင်းမှာ စွန့်ပစ်ပစ္စည်းမှ စွမ်းအင် ထုတ်လုပ်သော ဇီဝလောင်စာသုံး အိမ်သုံး မီးဖိုစနစ် စတပ်ဆင်လိုက်ကတည်းက ချက်ပြုတ်ဖို့လောင်စာအတွက် ကုန်ကျငွေ ၁၀,၀၀၀ ကျပ် လစဉ် သက်သာ သွားတာကြောင့် အဲဒီငွေနဲ့ တခြားဘာသာရေးလုပ်ငန်းတွေကို အစားထိုးဆောင်ရွက်ခဲ့ပါတယ်။ ပတ်ဝန်းကျင်မှာ အမှိုက်တွေ လျော့နည်းလာပြီး နေ့စဉ်စွန့်ပစ်အမှိုက်တွေကို အသုံးဝင်အောင် ဖန်တီးနိုင်တဲ့အတွက် အလွန် ကောင်းမွန်ပါတယ်။” ဟု မိန့်ကြားခဲ့ပါသည်။