သတင်း နှင့် မီဒီယာ

သတင်း

PTTEP သည် ၂၀၂၀ ပြည့်နှစ်အတွက် အရောင်းပမာဏ ၁၁% တိုးတက်အောင် လျာထားချက်နှင့်အတူ ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ကို အမေရိကန်ဒေါ်လာ ၄,၆၁၃ သန်း သတ်မှတ်

23 Dec 2019

ရန်ကုန်၊ မြန်မာ။ ဒီဇင်ဘာ ၂၃၊ ၂၀၁၉ – PTT Exploration and Production Public Company Limited (PTTEP) သည် ‘ဖြစ်မြောက်အောင်ဆောင်ရွက်ခြင်းနည်းဗျူဟာ’ ‘Execute’ ဖြင့် ရှိနှင့်ပြီးသား လုပ်ငန်းပိုင်ဆိုင်မှု တွင် ရင်းနှီးမြုပ်နှံခြင်း၊ ထုတ်လုပ်မှုပမာဏတိုးမြှင့်ပြီး ကုမ္ပဏီ၏ကြီးပွားတိုးတက်မှုကို ရေရှည်ထိန်းထားနိုင် အောင် အောင်မြင်မှုရရှိနေသော လုပ်ကွက်များ၊ များမကြာမီက ရယူထားသော စီမံကိန်းများ၏ လုပ်ငန်း အကူး အပြောင်းကာလတွင် အဆင်ပြေချောမွေ့အောင် ဆောင်ရွက်ခြင်းတို့ကို အဓိက ဦးစားပေးဆောင်ရွက်ရန် ၎င်း၏ ၅ နှစ်တာ (၂၀၂၀-၂၀၂၄) ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို ထုတ်ပြန်ကြေညာလိုက်ပါသည်။

PTTEP ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သော Phongsthorn Thavisin က ၂၀၂၀ ပြည့်နှှစ်တွင် PTTEP နှင့် ၎င်း၏လုပ်ငန်းခွဲများအတွက် စုစုပေါင်းအသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၄,၆၁၃ သန်း (မြန်မာ ကျပ်ငွေ ၇,၀၅၇,၈၉၀ သန်း) သတ်မှတ်ထားရာ ယင်းပမာဏအနက် အမေရိကန်ဒေါ်လာ ၂,၆၄၇ (မြန်မာကျပ် ငွေ ၄,၀၄၉,၉၁၀ သန်း) မှာ ငွေလုံးငွေရင်းအသုံးစရိတ် Capital Expenditure (CAPEX) ဖြစ်ပြီး အမေရိကန် ဒေါ်လာ ၁,၉၆၆ သန်း (မြန်မာကျပ်ငွေ ၃,၀၀၇,၉၈၀ သန်း) မှာ လုပ်ငန်းလည်ပတ်မှုအသုံးစရိတ် Operating Expenditure (OPEX) ဖြစ်သည်ဟု ပြောကြားခဲ့ပါသည်။ ၅ နှစ်တာ (၂၀၂၀-၂၀၂၄) ရင်းနှီးမြှုပ်နှံမှု အစီအစဉ် အတွက် PTTEP က ဘတ်ဂျက်ငွေ အမေရိကန်ဒေါ်လာ ၂၄,၆၁၉ သန်း (မြန်မာကျပ်ငွေ ၃၇,၆၆၇,၀၇၀ သန်း) ကို အောက်ပါအတိုင်း ခွဲဝေသတ်မှတ်ပါသည်။

ယူနစ် - အမေရိကန်ဒေါ်လာ သန်း

 

 ၂၀၂၀

၂၀၂၁

၂၀၂၂

၂၀၂၃

၂၀၂၄

၂၀၂၀-၂၀၂၄

ငွေလုံးငွေရင်းကုန်ကျစရိတ်

 ၂,၆၄၇

၃,၀၁၁

၃,၃၄၂

၂,၈၇၃

၂,၃၆၆

၁၄,၂၃၉

လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ်

၁,၉၆၆

၂,၀၀၀

၁,၉၉၅

၂,၄၆၂

၁,၉၅၇

၁၀,၃၈၀

အသုံးစရိတ်စုစုပေါင်း                    

၄,၆၁၃

၅,၀၁၁

၅,၃၃၇

၅,၃၃၅

၄,၃၂၃

၂၄,၆၁၉

 
အဆိုပါရင်းနှီးမြှုပ်နှံမှုအစီအစဉ်နှင့်အညီ ၂၀၂၀-၂၀၂၄ ခုနှစ်ကာလအတွင်း လက်ရှိပိုင်ဆိုင်ထားမှုများမှ ၅ နှစ်တာကာလ ပျမ်းမျှရေနံအရောင်းမျှော်မှန်းချက်ပမာဏ၏ နှစ်စဉ်ပေါင်းစပ်ကြီးထွားတိုးတက်မှုနှုန်း Compounding Annual Growth Rate (CAGR) သည် ၆% ခန့်ရှိရာ အသေးစိတ်မှာ အောက်ပါဇယားအတိုင်း ဖြစ်ပါသည်။

ယူနစ်- တစ်နေ့လျှင်ထုတ်နိုင်သောရေနံစည်

                                               

၂၀၂၀

၂၀၂၁

၂၀၂၂ 

၂၀၂၃

၂၀၂၄

ပျမ်းမျှရေနံအရောင်းမျှော်မှန်းချက်ပမာဏ           

၃၈၈,၀၀၀

၄၀၃,၀၀၀

၄၅၀,၀၀၀

၄၆၄,၀၀၀

၄၆၇,၀၀၀


Phongsthorn က“PTTEP အနေနဲ့ ရင်းနှီးမြှုပ်နှံမှုအစီအစဉ်ကို အခြေခံပြီး ၂၀၂၀ ပြည့်နှစ်မှာ ရေနံ အရောင်းပမာဏစုစုပေါင်းကို ဒီနှစ်မျှော်မှန်းချက်နဲ့ နှိုင်းယှဉ်ပြီး ၁၁% အထိတိုးတက်ဖို့ မျှော်မှန်းထားသလို နောင်လာမယ့် ၅ နှစ်မှာလည်း ပျမ်းမျှအရောင်းပမာဏဟာ အရှိန်မှန်မှန် တိုးတက်လာမယ်လို့ မျှော်လင့်ပါတယ်။ ကြီးပွားတိုးတက်မှုဆိုတာက မဟာဗျူဟာမြောက်ဒေသတွေဖြစ်တဲ့ ထိုင်း၊ မလေးရှားနဲ့ အရှေ့အလယ်ပိုင်းဒေသ တွေက ကျွန်တော်တို့ရဲ့ အောင်မြင်နေတဲ့ လုပ်ကွက်တွေအပါအဝင် အောင်မြင်တဲ့လုပ်ငန်းတိုးချဲ့မှုမဟာဗျူဟာ Expand strategy ရဲ့ အကျိုးရလဒ်ပဲ ဖြစ်ပါတယ်။ အဓိကထုတ်လုပ်ပေးနေတဲ့ စီမံကိန်းလုပ်ငန်းတွေရဲ့ ထုတ် လုပ်မှုပမာဏကို ထိန်းထားနိုင်အောင်၊ အဓိကဖွံ့ဖြိုးတိုးတက်နေတဲ့ စီမံကိန်းနေရာတွေမှာ မျှော်မှန်းထားတဲ့ ထုတ်လုပ်မှုပမာဏအတိုင်း ထပ်တိုးထုတ်ဖို့ အလေးထားအာရုံစိုက်နိုင်အောင်၊ အနာဂတ်မှာ လုပ်ကွက်သစ်တွေ အရန်ထားနိုင်ဖို့နဲ့ PTTEP ရဲ့ ကြီးထွားအောင်မြင်မှုကို ရေရှည်တည်တံ့အောင် ထိန်းထားနိုင်ဖို ့အတွက် ရေနံ စူးစမ်းရှာဖွေမှု အရှိန်မြှင့်တင်နိုင်ရန်အတွက် ကျွန်တော်တို့အနေနဲ့ Execute strategy အတိုင်း လိုက်နာ ဆောင်ရွက်နိုင်ဖို့ ၂၀၂၀ ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ရဲ့ အများစုကို ခွဲဝေသတ်မှတ်မှာပါ။” ဟု ပြောကြားခဲ့ပါသည်။


အထက်တွင်ဖော်ပြထားသည့်အတိုင်း PTTEP အနေဖြင့် ၂၀၂၀ ပြည့်နှစ်တွင် အဓိက လုပ်ငန်းဆိုင်ရာ ရည်မှန်းချက်များကို အောက်ပါအတိုင်း အလေးထားဆောင်ရွက်ပါမည်။

၁။ S1 စီမံကိန်း၊ Bongkot စီမံကိန်း၊ အားသစ်စီမံကိန်း၊ MTJDA စီမံကိန်းနှင့် ဇောတိကစီမံကိန်း အပါအဝင် လက်ရှိစီမံကိန်းများ၏ ထုတ်လုပ်မှုနှုန်းကို ထိန်းထားခြင်း။ များမကြာမီက ရယူထားသော မလေးရှား စီမံ ကိန်း၊ Partex Holdings B.V. လက်အောက်ရှိ စီမံကိန်း၊ G1/61 စီမံကိန်း (Erawan) နှင့် G2/61 စီမံကိန်း (Bongkot) တို့၏ ထုတ်လုပ်မှုပမာဏကိုလည်း သတ်မှတ်လျာထားသည့်အတိုင်း သေချာအောင်ထိန်း ထားခြင်း။

၂။ မလေးရှားရှိ လုပ်ကွက် H စီမံကိန်း၊ မိုဇမ်းဘစ် Area 1 စီမံကိန်း၊ အယ်လ်ဂျီးရီးယား Hassi Bir Rekaiz စီမံကိန်း အပါအဝင် တိုးတက်အောင်မြင်နေသည့် အဓိက စီမံကိန်းများ၏ ထုတ်လုပ်မှုပမာဏကို စီစဉ်ထား သည့်အတိုင်း စတင်တိုးတက်ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်း။ ယခုနှစ်တွင် အောင်မြင်စွာ တွေ့ရှိခဲ့သော မလေးရှား Sarawak SK 410B စီမံကိန်းကို အဆုံးသတ်ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက် Final Investment Decision (FID) ရရှိအောင် ဖော်ဆောင်မည့် အစီအစဉ်များ အရှိန်မြှင့်တင်ဆောင်ရွက်ခြင်း။

၃။ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားနိုင်ရန်အတွက် အားထားနိုင်လောက်သည့် ရင်းမြစ်သစ်များ အထူးသဖြင့် မလေးရှားနှင့် မြန်မာနိုင်ငံတို့တွင် အဓိကထားပြီး စူးစမ်းရှာဖွေမှုလုပ်ငန်းများ အရှိန်မြှင့်တင် ဆောင်ရွက်ခြင်း။

PTTEP သည် ရေနံရှာဖွေရေး၊ တိုးတက်ဖွံ့ဖြိုးရေးနှင့် ထုတ်လုပ်ရေးလုပ်ငန်းများကို ပံ့ပိုးပေးနိုင်ရန်အတွက် ဆန်းသစ်တီထွင်ခြင်းနှင့် နည်းပညာတိုးတက်မှုတို့ကိုလည်း အဓိကအာရုံစိုက်ပါသည်။ PTTEP ၏ လုပ်ငန်းခွဲဖြစ်သော AI နှင့် Robotics Ventures Limited (ARV) က ရေနံရှာဖွေထုတ်လုပ်ရေးကဏ္ဍ E&P အတွက်သာမက E&P မဟုတ်သော လုပ်ငန်းကဏ္ဍများအတွက်ပါ အသုံးဝင်သည့် စစ်ဆေးရေးဒရုန်းမ် inspection drone, swarm drone နှင့်စူးစမ်းလေ့လာမှုအဆင့် အလိုအလျောက်ထိန်းသိမ်းနိုင်သည့် ရေ အောက်ယာဉ် Observation-class Autonomous Underwater Vehicle (OBS-ROV) ၊ ရေအောက်ပိုက်လိုင်း ထိန်းချုပ်ပြင်ဆင်ပေးသည့် စက်ရုပ် Subsea Flowline Control and Repair Robot (SFCR) နှင့် ပိုက်အတွင်း ပိုင်းစစ်ဆေးခြင်းစက်ရုပ် In-pipe Inspection Robot တို့ကို စီးပွားဖြစ်ထုတ်လုပ်ဖြန့်ချိ ဝန်ဆောင်မှုပေး ပြီးဖြစ်ပါသည်။ ၂၀၂၀ ပြည့်နှစ်တွင် ARV သည် စစ်ဆေးမှုအဆင့် အလိုအလျောက်ထိန်းသိမ်း နိုင်သည့် ရေအောက်ယာဉ်Inspection-class Autonomous Underwater Vehicle (IAUV)၊ ရေအောက်ပိုက်လိုင်းထိန်း ချုပ်ပြင်ဆင်ပေးသည့် စက်ရုပ် Subsea Flowline Control and Repair Robot (SFCR) နှင့်ပိုက်အတွင်းပိုင်း စစ်ဆေးခြင်းစက်ရုပ် In-pipe Inspection Robot စသည့် စီးပွားဖြစ်အသုံးပြုနိုင်မည့် Robotics များကို အဆင့်မြှင့် တိုးတက်ဆောင်ရွက်မည်ဖြစ်ပါသည်။ လာမည့်နှစ်များအတွက် စီးပွားဖြစ်ဆောင်ရွက်ရန် ရည်ရွယ်စီ စဉ်ထားသည့် ARV pipeline စီမံကိန်းပေါင်း ၃၀ ကျော်ရှိပါသည်။