သတင်း နှင့် မီဒီယာ

သတင်း

ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ်စွမ်းအင်ထောက်ပံ့ရန်အတွက် ဓာတ်ငွေ့ထုတ်လုပ်မှုကို ပိုမိုတိုးလာစေမည်ဟူသော ကတိကဝတ်ကို ထပ်လောင်းအတည်ပြုလိုက်ပါသည်

6 Mar 2019

၆ မတ်လ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ - မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံ နှစ်နိုင်ငံအတွက် စဉ်ဆက်မပြတ် စွမ်းအင်ထောက်ပံ့ပေးနိုင်ရန်အတွက် ပီတီတီရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ (ပီတီတီအီးပီ)၏ လုပ်ငန်းခွဲဖြစ်သည့် ပီတီတီအီးပီမြန်မာ့စီမံကိန်းမှ လုပ်ကွက်  M9 တွင် အကဲဖြတ်ဆန်းစစ်ချက်တစ်ရပ်ကို ဆောင်ရွက်ခဲ့ပါသည်။ ယင်းဆန်းစစ်ချက်တွင် လုပ်ကွက် M9 ၏ အလယ်ပိုင်းနှင့်မြောက်ဘက်ပိုင်းတို့တွင် ဖြန့်ကျက်တည်ရှိသော ရေနံတွင်း စုစုပေါင်း ကိုးခု ပါဝင်ပြီး အကဲဖြတ်ဆန်းစစ်မှုကို ၂၀၁၈ ခုနှစ်  တတိယသုံးလပတ်ကတည်းက ဆောင်ရွက်ခဲ့ပါသည်။ လက်ရှိတွင် ရေနံတွင်းငါးခုကို တူးဖော်ပြီးဖြစ်ကာ စီးပွားဖြစ်ရေနံထွက်ရှိမည့် အလားအလာနှစ်ရပ်ကို အောင်မြင်စွာတွေ့ရှိကြောင်း သက်သေပြပြီးဖြစ်ပါသည်။
 
အကဲဖြတ်ဆန်းစစ်ရာတွင် အောင်မြင်သည့် ရေနံတွင်းများအနက်တစ်ခုဖြစ်သည့် ဇောတိက-၂၄ ရေနံတွင်းသည် စီးပွားဖြစ်ရရှိနိုင်မည့် ဟိုက်ဒရိုကာဗွန်ဓာတ်ငွေ့သိုက်တစ်ခုကို ရှာဖွေတွေ့ရှိပြီဖြစ်ကြောင်းကိုလည်း အတည်ပြုထားပါသည်။ ၎င်းရေနံတွင်းကို ၂၀၁၉ခုနှစ် ဇန်နဝါရီလ ၂၁ရက်တွင် စတင်တူးဖော်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် စုစုပေါင်းဒေါင်လိုက်အနက် ၂,၀၃၀ မီတာသို့ရောက်ရှိခဲ့ပါသည်။ ဇောတိက -၂၄ ရေနံတွင်းမှာ ကြိုတင်ခန့်မှန်းထားသည့် ၄၁မီတာထက်များပြားသည့် သဘာဝဓာတ်ငွေ့ပါဝင်သော  ကျောက်သားထု ၁၅၂ မီတာကို တွေ့ရှိခဲ့ပါသည်။ ထိုအောင်မြင်သည့် ရလဒ်ကောင်းများအပြင် ၎င်းရေနံတွင်းတည်နေရာသည် နောက်ထပ်တူးဖော်ရေးလုပ်ငန်းစဉ်တစ်ခုဖြစ်သည့် Phase 1D တွင် ဇောတိကစီမံကိန်း၏ဓာတ်ငွေ့ထုတ်လုပ်မှုရှည်ကြာပြည့်မီစေရန် သေချာခိုင်မာစွာ ရည်ရွယ်ထားသည့်  တွင်းတူးစင်များ အနက်တစ်ခု  ဖြစ်ပါသည်။
 
ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ Mr. Piya Sukhumpanumet က “ဇောတိကစီမံကိန်းဧရိယာနဲ့ စီးပွားဖြစ်ရေနံထွက်ရှိမှုအလားအလာတွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့သိရှိနားလည်ထားတာတွေကို အတည်ပြုပေးထားတဲ့ ရေနံတွင်းရဲ့ ရလဒ်တွေကို ကြေညာရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ ကျေနပ်ဝမ်းမြောက်မိပါတယ်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းအနေနဲ့ မြန်မာနိုင်ငံအတွက် စဉ်ဆက်မပြတ်စွမ်းအင်ပံ့ပိုးမှုကို ဆက်လက်ထိန်းသိမ်းပေးနိုင်တယ်ဆိုတာကို ဒီရလဒ်ကောင်းတွေက  ထပ်လောင်းအတည်ပြုလိုက်တာပဲဖြစ်ပါတယ်။ အခုအောင်မြင်တဲ့အကဲဖြတ် ဆန်းစစ်ချက်ရလဒ်တွေနဲ့အတူ ပီတီတီအီးပီမြန်မာ့စီမံကိန်းက မြန်မာနိုင်ငံအတွက် စွမ်းအင်လိုအပ်ချက်တွေကို ပြည့်မီစေမယ့် နောက်ထပ်စွမ်းအင်ရင်းမြစ်တွေနဲ့ဓာတ်ငွေ့သိုက်တွေကို ဆက်လက် ရှာဖွေလျက်ရှိပါတယ်။ ယခုတွေ့ရှိမှုက ဇောတိကစီမံကိန်းရဲ့ မတူးဖော်ရသေးတဲ့နေရာတွေမှာ ဟိုက်ဒရိုကာဗွန်တွေရှိနေနိုင်တယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကို တိုးပွားစေပါတယ်။” ဟု  မှတ်ချက်ပြုထားပါသည်။