Myanmar Asset Press Release
၂၀၁၈ ခုနှစ် ပထမသုံးလပတ်ကာလအတွက် PTTEP ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အခြေအနေ
၃ဝ ဧပြီ၊ ၂၀၁၈။ ရန်ကုန်။ မြန်မာ – ၂၀၁၈ ခုနှစ် ပထမ သုံးလပတ်ကာလစာရင်းများအရ နိုင်ငံပေါင်း ၁၀ နိုင်ငံတွင် စုစုပေါင်း လုပ်ငန်းစီမံကိန်း ၃၈ ခုကို ဆောင်ရွက်နေသည့် PTTEP ၏ ပြည်တွင်းနှင့် နိုင်ငံတကာလုပ်ငန်းလည်ပတ်မှုများမှ အဓိကထင်ရှားသည့်စီမံကိန်းဆိုင်ရာ အချက်အလက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ထိုင်းနိုင်ငံမှစီမံကိန်းများ - ထိုင်းနိုင်ငံတွင် PTTEP က လတ်တလောဆောင်ရွက်နေသော စီမံကိန်း ၁၆ ခုရှိပြီး အများစုမှာ ထုတ်လုပ်မှုအဆင့်တွင်ရှိကာ ယခု သုံးလတာကာလအတွက် ပျမ်းမျှအရောင်းပမာဏမှာ တစ်ရက်လျှင် ရေနံ၂၃၆,၂၈၆ စည်ရှိရာ PTTEP အရောင်းပမာဏစုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းဖြစ်ပါသည်။ စီစဉ်ထားသည့်အတိုင်း ထုတ်လုပ်နိုင်ပြီး ၂၀၂၂-၂၀၂၃ တွင် သက်တမ်းကုန်မည့် Bongkot လုပ်ကွက်အတွက် စျေးပြိုင်တင်သွင်းမှု Bidding လုပ်ငန်းစဉ် ပြင်ဆင်မှုများပြုလုပ်နေသည့် Bongkot စီမံကိန်း အပါအဝင် ဤစီမံကိန်းများသည် ထိုင်းပင်လယ်ကွေ့နှင့် ကုန်းတွင်းနှစ်ခုလုံးတွင် တည်ရှိနေပါသည်။ S1 စီမံကိန်း ကမူ အနာဂတ်တွင်ထုတ်လုပ်မှုအဆင့်တိုးမြှင့်နိုင်ရန်အလို့ငှာ နောက်ထပ်တွင်းအသစ်များကို အဆက်မပြတ်တူးဖော်နေပါသည်။ ထုတ်လုပ်မှုစီမံချက်များအပြင် Ubon Field of the Contract 4 စီမံကိန်းသည် တရက်လျှင် ရေနံစည်ပေါင်း ၂၅,၀၀၀ - ၃၀,၀၀၀ နှုန်းဖြင့် ၂၀၂၂ ခုနှစ်တွင် စတင်ထုတ်လုပ်ရန်ခန့်မှန်းထားပြီး လက်ရှိ လုပ်ငန်းမိတ်ဖက်များနှင့် ညှိနှိုင်းဆွေးနွေးစီစဉ်လျှက်ရှိပါသည်။
အရှေ့တောင်အာရှရှိစီမံကိန်းများ- အရှေ့တောင်အာရှဒေသရှိ လုပ်ငန်းစီမံကိန်းများမှ အရောင်းပမာဏသည် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်ကာလတွင် တရက်လျှင်ရေနံ ၄၈,၉၂၉ စည်အထိ တိုးမြင့်ထွက်ရှိခဲ့ပြီး ၎င်းပမာဏသည် PTTEP အရောင်းဝင်ငွေ စုစုပေါင်း၏ ၁၇ ရာခိုင်နှုန်းကို ကိုယ်စားပြုပါသည်။ ထင်ရှားသော အဓိကထုတ်လုပ်မှုအဆင့် စီမံကိန်းများကို ဖော်ပြလိုပါသည်။ ဇောတိကစီမံကိန်းသည် ကြိုတင်စီစဉ်ထားသည့် ထုတ်လုပ်မှုကို ထိန်းထားနိုင်ပြီး1Cအဆင့်တွင် တူးဖော်ရေး platform လေးခု တည်ဆောက်မှု ပြီးစီးခဲ့ပြီးနောက် စီမံကိန်းမှ တွင်းတူးဖော်ခြင်းလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေပါသည်။ Vietnam 16-1 စီမံကိန်း သည် production plateau ကို ထိန်းသိမ်းရန်ရည်ရွယ်၍ထုတ်လုပ်ရေးအတွက် တူးဖော်ရေးအစီအစဉ်ကို လုပ်ဆောင်နေပါသည်။ ဤဒေသအတွင်းရှိ ရှာဖွေရေးအဆင့်စီမံကိန်းများသည် မြန်မာကုန်းတွင်း နှင့် ကမ်းလွန်ပယ်လယ်ပြင်တို့တွင် အဓိကတည်ရှိပါသည်။ အဓိက အသားပေးစီမံကိန်းများအနက် မြန်မာM3စီမံကိန်းသည်လည်းအပါအဝင်ဖြစ်ပြီး မြန်မာအစိုးရနှင့် ကုန်သွယ်မှု မူဘောင်ချမှတ်ခြင်းဆိုင်ရာ လတ်တလော ဆွေးနွေးညှိနှိုင်းမှုများပြုလုပ်နေသလို Pre-FEED လေ့လာမှုကိုလည်း လုပ်ဆောင်နေဆဲ ဖြစ်ပါသည်။ ၂၀၁၈ ခုနှစ် ဒုတိယသုံးလပတ်ကာလအတွင်း မြန်မာအစိုးရထံ လုပ်ကွက်ဖွံ့ဖြိုးရေးအစီအစဉ်ကို တင်ပြနိုင်ရန် မျှော်မှန်းထားပါသည်။ Myanmar MD-7 စီမံကိန်း သည် လုပ်ကွက်၏ရင်းမြစ်အလားအလာကို အကဲဖြတ်ဆဲအနေအထားတွင်ရှိပါသည်။ Myanmar M11 စီမံကိန်း သည် ရှာဖွေရေးတွင်း တူးဖော်ရန် အတွက်ပြင်ဆင်နေပြီး စီမံကိန်း၏စွန့်စားမှုကို တာဝန်ယူစီမံနိုင်မည့် လုပ်ငန်းမိတ်ဖက်ကို ရှာဖွေနေဆဲ ဖြစ်ပါသည်။ Myanmar MOGE 3 စီမံကိန်း အတွက်မူ ရှာဖွေရေးများတွင်း တူးဖော်ရန်အတွက်ပြင်ဆင်ခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပါသည်။ မလေးရှားနိုင်ငံရှိ Sarawak SK410B စီမံကိန်း အတွက်လတ်တလောတွင် လုပ်ကွက်၏ရင်းမြစ်အလားအလာများကို အကဲဖြတ်နေပြီး ယခုနှစ်တွင် ရှာဖွေတွင်းများ စတင်တူးဖော်ရန် စီစဉ်ထားပါသည်။ ဗီယက်နမ်ရှိ Vietnam B & 48/95 စီမံကိန်းနှင့် Vietnam 52/97 စီမံကိန်း တို့သည် ဓာတ်ငွေ့ရောင်းချမှုသဘောတူစာချုပ် Gas Sales Agreement အရ တစ်ရက်လျှင် သဘာဝဓာတ်ငွေ့ကုဗပေသန်း ၄၉၀ ပမာဏကို ၂၀၂၁ ခုနှစ်နှစ်ကုန်ပိုင်းတွင် တိုးမြှင့်ထုတ်လုပ်ရန် ရည်ရွယ်၍ နောက်ဆုံးရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက် (FDI) နှင့်အညီ စတင်ထုတ်လုပ်နိုင်ရန် ကုန်သွယ်မှုဆိုင်ရာ ညှိနှိုင်းမှုလုပ်ငန်းစဉ်များကို လတ်တလောတွင် ဆောင်ရွက်လျက်ရှိပါသည်။
အမေရိကန်နိုင်ငံရှိစီမံကိန်းများ - PTTEP သည် ကနေဒါနှင့် ဘရာဇီးလ် ဖက်ဒရယ်သမ္မတ နိုင်ငံတို့၌ စီမံကိန်းသုံးခုရှိပြီး အဆိုပါစီမံကိန်းအားလုံးသည် ရှာဖွေရေးအဆင့်တွင် ရှိပါသည်။ ကနေဒါနိုင်ငံ၊ အဲလ်ဘာတာရှိ Mariana Oil Sands စီမံကိန်းကို လက်ရှိ အခြေအနေများနှင့် လိုက်လျောညီထွေမှုရှိအောင် စဉ်းစားဆောင်ရွက်ဆဲဖြစ်ပါသည်။ PTTEP သည် ဘရာဇီးလ်တွင် Barreirinhas AP1 Project နှင့် Brazil BM-ES-23 Project ဟူ၍စီမံကိန်းနှစ်ခုရှိရာ အနာဂတ်ဖွံ့ဖြိုးမှုအစီအစဉ်အတွက် ရေနံထွက်ရှိမှုအလားအလာများကို လတ်တလောလေ့လာနေပါသည်။
သြစတြေးလျရှိစီမံကိန်းများ - PTTEP သည် သြစတြေးလျဓနသဟာယနိုင်ငံ(သြစတြေးလျ)တွင် တရားဝင် ခွင့်ပြုချက် ၁၂ ခုပါ၀င်သည့် စီမံကိန်းတစ်ခုရှိပါသည်။ ထုတ်လုပ်မှုအဆင့်ရှိ Montara Field သည် ၂၀၁၈ ခုနှစ်ပထမ သုံးလတာကာလ၏ တစ်နေ့ပျမ်းမျှအရောင်းမှာရေနံ ၆,၁၃၁ စည်ရှိပါသည်။ Cash Maple Field သည် ရှာဖွေရေးအဆင့်တွင်ရှိပြီး Pre-FEED လေ့လာမှုပြီးဆုံးပြီးနောက်သင့်လျော်သော ဖွံ့ဖြိုးမှုအစီအစဉ်ကို စီစစ်သုံးသပ်လျက်ရှိပါသည်။
အာဖရိကရှိစီမံကိန်းများ - ဤဒေသတွင် PTTEP သည် အယ်ဂျီးရီးယားပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံ နှင့် မိုဇမ်းဘစ်သမ္မတနိုင်ငံတို့၌ စီမံကိန်း ၃ ခုရှိပါသည်။ Algeria 433a and 416b စီမံကိန်း သည် ထုတ်လုပ်မှုအဆင့်တွင်ရှိပြီး ဤလေးလတာကာလ၏ တစ်နေ့ပျမ်းမျှထုတ်လုပ်မှု ရေနံ၁၇,၃၄၄ စည် ရှိပါသည်။ Algeria Hassi Bir Rekaiz စီမံကိန်း မှာမူ ရှာဖွေရေးအဆင့်ဖြစ်ပြီး စီမံကိန်းဖွံ့ဖြိုးမှု အစီအစဉ်များအတွက် အယ်ဂျီးရီးယားအစိုးရ၏အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်အတွင်းတွင် ပထမဦးဆုံး အဆင့်အနေနှင့် တစ်နေ့လျှင် ရေနံစည်ပေါင်း ၁၀,၀၀၀ - ၁၃,၀၀၀ ခန့် စတင်ထုတ်လုပ်ရန် မျှော်မှန်းထားပါသည်။ တဆက်တည်းမှာပင် တစ်နေ့ ရေနံစည်ပေါင်း ၅၀,၀၀၀ အထိစွမ်းအားပြည့်တိုးမြှင့်ထုတ်လုပ်နိုင်ရန်အတွက်ထပ်မံရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်စဉ်းစားထားပါသည်။ မိုဇမ်းဘစ်ရှိ Mozambique Rovuma Offshore Area 1 စီမံကိန်း သည် Golfinho-Atum ဒေသတွင် ဖွံဖြိုးမှုအစီအစဉ်(POD)ကို အစိုးရထံမှ အတည်ပြုခွင့်ပြုချက်ရရှိခြင်းအပါအဝင် သိသာထင်ရှားသော တိုးတက်မှုများကို၂၀၁၈ ခုနှစ် ပထမသုံးလတာကာလတွင်ဆောင်ရွက်ခဲ့ပြီး သဘာဝဓာတ်ငွေ့ရည်စက်ရုံ တည်ဆောက်မည့်နေရာတွင် ပြန်လည်နေရာ ချထားရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ပါသည်။ ဤစီမံကိန်းက ပြင်သစ်ကုမ္ပဏီတစ်ခုဖြစ်သော EDF နှင့် အတူတွဲ၍ တစ်နှစ်လျှင် သဘာဝဓာတ်ငွေ့ရည် တန်ချိန် ၁.၂ သန်းရောင်းချခြင်းဝယ်ယူခြင်း သဘောတူချုပ်ဆိုထားသည့် LNG Sale and Purchase Agreement (SPA) ကို အောင်မြင်စွာအာမခံချက်ပေးနိုင်ခဲ့ပြီး တခြားသော SPA စာချုပ်များကိုလည်း သွက်လက် မြန်ဆန်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။ အဆိုပါဆောင်ရွက်ချက်များနှင့်အပြိုင် ဤစီမံကိန်းသည် အဆုံးသတ် ရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက် Final Investment Decision (FID) ကို ပံ့ပိုးထောက်ကူပြုနိုင်မည့် စီမံကိန်း ဘဏ္ဍာငွေအတွက် ငွေကြေးဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆွေးနွေးနေပြီး ၂၀၂၃ ခုနှစ်မှ စပြီး ပထမဆုံး ထုတ်လုပ်မှုအစီအစဉ်မှာ တစ်နှစ်လျှင် တန်ချိန် ၁၂ သန်း ဖြစ်ပါသည်။