လုပ်ငန်းစီးပွားပုံမှန်လည်ပတ်မှုဆိုင်ရာ ISO 22301 အသိအမှတ်ပြုလက်မှတ်ကို ပီတီတီအီးပီမှ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ပထမဆုံးလက်ခံရရှိခြင်း

30 October 2018
Save as PDF

၃၀ အောက်တိုဘာ ၂၀၁၈။ ရန်ကုန်။ မြန်မာ - ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများလည်ပတ်လျက်ရှိပြီး ထိုင်းအခြေစိုက် ပီတီတီ ရေနံရှာဖွေရေးနှင့် တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီ (ပီတီတီအီးပီ)၏ လက်အောက်ခံကုမ္ပဏီခွဲတစ်ခုဖြစ်ပြီး နိုင်ငံတကာစံချိန်စံညွှန်းအဖွဲ့အစည်း (ISO) 22301 ကပေးအပ်သည့် လုပ်ငန်းစီးပွားပုံမှန်လည်ပတ်မှုဆိုင်ရာ အသိအမှတ်ပြုလက်မှတ်အား မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းကဏ္ဍတွင် ပထမဆုံးရရှိသည့် ကုမ္ပဏီဖြစ်လာပါသည်။

လုပ်ငန်းစီးပွားပုံမှန်လည်ပတ်မှုဆိုင်ရာ ISO 22301 အသိအမှတ်ပြုလက်မှတ်သည် ပီတီတီအီးပီအတွက် အရေးပါသည့် မှတ်တိုင်တစ်ခုဖြစ်ပြီး ရှယ်ယာရှင်များ၊ လုပ်ငန်းဆက်စပ်ပတ်သက်သူများနှင့် အများပြည်သူတို့အား ကုမ္ပဏီတစ်ဝှမ်း လုပ်ငန်းအလျင်မပြတ်စီးဆင်းမှုဆိုင်ရာ စီမံခန့်ခွဲမှု (BCM) စနစ်လုပ်နိုင်စွမ်းများ ရရှိစေမည်ဖြစ်သည်။ BCM စနစ်သည် လုပ်ငန်းအကျိုးသက်ရောက်မှု စိစစ်တွေ့ရှိချက်နှင့် နောက်ဆက်တွဲစွန့်စားဆောင်ရွက်ခြင်းဆိုင်ရာ အကဲဖြတ်မှုမှတစ်ဆင့် ခွဲခြားထုတ်ဖော်သော အရေးပါသည့် ကုမ္ပဏီလုပ်ငန်းစဉ်များ အလျဉ်ပြတ်ခြင်းမှ တားဆီးခြင်းနှင့် အချိတ်အဆက်ပြန်လည်ရရှိစေခြင်းတို့အပေါ် အဓိကထားလုပ်ဆောင်သည်။

၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက် တွင် ကျင်းပပြုလုပ်သော အသိအမှတ်ပြုလက်မှတ်ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားတွင် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာ မစ္စတာ Piya Sukhumpanumet မှ “အိုင်အက်စ်အို အသိအမှတ်ပြုလက်မှတ်သည် စဉ်ဆက်မပြတ်တိုးတက်မှုနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အလေးထားတယ်ဆိုတာကို ဝန်ထမ်းတွေနဲ့ အားပေးသုံးစွဲသူဖောက်သည်တွေကို ယုံကြည်စိတ်ချစေပါတယ်။ ISO 22301 လက်မှတ်ရရှိတာဟာ ကျွန်တော်တို့ကုမ္ပဏီရဲ့စွန့်စားဆောင်ရွက်ခြင်းအကဲဖြတ်မှု၊ လုပ်ငန်းစီးပွားပုံမှန်လည်ပတ်နိုင်ရေး အစီအစဉ်တွေကို နိုင်ငံတကာအဆင့်အသိအမှတ်ပြုခံရခြင်းပဲဖြစ်ပါတယ်။ ပီတီတီအီးပီက ကြိုးပမ်းပုံဖော်နေတဲ့ အရည်အသွေးနဲ့ ထူးကဲတဲ့စံချိန်စံညွှန်းတွေကို ပြီးပြည့်စုံသွားစေတဲ့ ဒီအသိအမှတ်ပြုလက်မှတ်ကို ရရှိတဲ့အတွက် ကျွန်တော်တို့ ဂုဏ်ယူပါတယ်” ဟု မှတ်ချက်ပြုပြောကြားခဲ့သည်။

ပီတီတီအီးပီ၏ အကြီးဆုံးပြည်ပကမ်းလွန်စီမံကိန်းဖြစ်သော ဇောတိကစီမံကိန်းသည် မြန်မာနိုင်ငံတွင် လုပ်ငန်းလည်ပတ်လျက်ရှိသော ISO 22301 အသိအမှတ်ပြုလက်မှတ်ရရှိသည့် ပထမဆုံးစီမံကိန်းဖြစ်သည်။ ၎င်းအသိအမှတ်ပြုလက်မှတ်ရရှိရန် ပီတီတီအီးပီသည် တရားဝင်အသိအမှတ်ပြုလက်မှတ်ရအေဂျင်စီတစ်ခုမှ ဆောင်ရွက်သည့်ပြည့်စုံထိရောက်မှုရှိသည့် ကုမ္ပဏီလုံးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ပြီးစီးထားရှိမှုအခြေအနေ စစ်ဆေးမှုကို ခံယူပြီးဖြစ်သည်။ ၁၅ လကြာသည့် ၎င်းစစ်ဆေးမှုတွင် လုပ်ငန်းတခုလုံးခြုံငုံလေ့လာသုံးသပ်ချက်လုပ်ငန်း အကျိုးသက်ရောက်မှုနှင့် စွန့်စားဆောင်ရွက်ခြင်းအကဲဖြတ်မှု၊ လုပ်ငန်းစီးပွားပုံမှန်လည်ပတ်နိုင်ရေးအစီအစဉ်နှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးထားရှိမှု အခြေအနေစစ်ဆေးသုံးသပ်မှုတို့ပါဝင်ပါသည်။

အိုင်အက်စ်အိုသည် နိုင်ငံတကာစံချိန်စံညွှန်းများအား သတ်မှတ်ထုတ်ပြန်ကြေညာပေးသည့် ကမ္ဘာ့ အကြီးဆုံးအဖွဲ့အစည်းဖြစ်သည်။ ISO 22301 ၏သတ်မှတ်စံနှုန်းအရ လုပ်ငန်းစီးပွားပုံမှန်လည်ပတ်နိုင်ရေး အစီအစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းသည် ပီတီတီအီးပီ၏လုပ်ငန်းဆက်စပ်ဆောင်ရွက်သူ၊ အများပြည်သူနှင့် ရှယ်ယာရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရာတွင် မဟာဗျူဟာမြောက် အဓိကဆုံးဖြတ်ချက်တစ်ခု ချမှတ်ရာ ရောက်ပါသည်။ ဤတရားဝင်အသိအမှတ်ပြုမှုသည် ပီတီတီအီးပီအတွက် တတိယအကြိမ်မြောက် ISO 22301 လက်မှတ် ချီးမြှင့်ခံရခြင်းဖြစ်သည်။ ပထမအကြိမ်နှင့် ဒုတိယအကြိမ်တို့မှာ ထိုင်းနိုင်ငံရှိ Petroleum Support Base နှင့် Office and Facility Management ဟူသော ထောက်ပံ့ရေးအဖွဲ့နှစ်ဖွဲ့အတွက် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့တွင် ရရှိခဲ့ခြင်းဖြစ်သည်။ ဇောတိကစီမံကိန်းမှာမူ မြန်မာနိုင်ငံတွင် အဆိုပါ အသိအမှတ်ပြုလက်မှတ်ရရှိသည့် ပထမဆုံး ပီတီတီအီးပီ၏စီမံကိန်းတစ်ခု ဖြစ်သည်။