ပီတီတီအီးပီသည် တတိယသုံးလပတ်ကာလတွင် အသားတင်အကျိုးအမြတ်ရရှိ

19 November 2018
Save as PDF

၁၉ နိုဝင်ဘာလ ၂၀၁၈။ ရန်ကုန်။ မြန်မာ - ပီတီတီရေနံရှာဖွေရေးနှင့်တူးဖော်ထုတ်လုပ်ရေးကုမ္ပဏီလီမိတက် (ပီတီတီအီးပီ) သည် ယခုနှစ်တတိယသုံးလပတ်ကာလတွင် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၁၅ သန်း (ထိုင်းဘတ်ငွေ ၁၀,၄၀၁ သန်း) ရရှိခဲ့ပြီး ယခင်နှစ်ထိုအချိန်ကာလနှင့် နှိုင်းစာလျှင် ၁၀၀ ရာခိုင်နှုန်းထက်မက အမြတ်ငွေမြင့်တက်ခဲ့သည်ဟု အစီရင်ခံတင်ပြခဲ့သည်။ ထိုသို့အကျိုးအမြတ်မြင့်တက်ခဲ့ခြင်းမှာ မြင့်တက်လာသော ကမ္ဘာ့ရေနံစျေးကွက်နှင့် တန်းညှိထားသော ပျမ်းမျှရောင်းချစျေးနှုန်း (ASP)မြင့်တက်လာခြင်းကြောင့်ဖြစ်သလို Bongkot ရေနံတူးဖော်ရေးလုပ်ကွက်မှ နောက်ထပ်ရရှိလာသော အစုရှယ်ယာများ၏ ရောင်းအား တိုးတက်လာခြင်းကြောင့်လည်း ဖြစ်သည်။ ကုမ္ပဏီသည် ရေရှည်ခိုင်မာသည့် တိုးတက်မှုကိုမြှင့်တင်ရန်အတွက် လုပ်ငန်းအသစ်များတွင် ရင်းနှီးမြှုပ်နှံရေး၊ ကုမ္ပဏီအချင်းချင်း အကျိုးတူပူးပေါင်းဆောင်ရွက်ပြီး အခွင့်အလမ်းများရယူပိုင်ဆိုင်ရေး နှင့် အကြိုနောက်ဆုံးအဆင့် ဆုံးဖြတ်ချက် (Pre-FID)စီမံကိန်းများ၏ တိုးတက်မှု အရှိန်အဟုန်မြင့်တက်လာရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။

ယခုနှစ်တတိယသုံးလပတ်ကာလတွင် ပီတီတီအီးပီသည် အမြဲအသားတင်ဝင်ငွေ အမေရိကန် ဒေါ်လာ ၂၉၂ သန်း (ထိုင်းဘတ်ငွေ ၉,၆၆၄ သန်း) စံချိန်တင်ရရှိခဲ့ပြီး ၄င်းမှာ ယမန်နှစ်ထိုအချိန်တွင် ရေနံတစ်စည်စျေးမှာ အမေရိကန်ဒေါ်လာ ၃၈.၇၈ နှင့်နှိုင်းယှဉ်လျှင် ရေနံတစ်စည်ကို အမေရိကန်ဒေါ်လာ ၄၇.၆၇ အထိ ပျမ်းမျှရောင်းစျေး တက်သွားခဲ့သလို ယင်းကာလတွင် တစ်ရက်ရောင်းရသည့်ရေနံစည် (BOED) ၂၉၈,၁၃၉ စည်ကနေ ပျမ်းမျှရောင်းအား ၃၀၄,၉၄၀ စည်အထိ ရောင်းအားမြင့်တက်ခဲ့ခြင်း နှင့် ဆက်စပ်နေကြောင်း မှတ်တမ်းတင်ခဲ့သည်။ ထိုအတောအတွင်း ယာယီကုန်ပစ္စည်း ရောင်းရငွေမှာ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၂၃ သန်း (ထိုင်းဘတ်ငွေ ရ၃၇သန်း) အမြတ်ငွေရှိခဲ့ကြောင်းလည်း ပီတီတီအီးပီမှ တရားဝင်အသိအမှတ်ပြုခဲ့သည်။ ရလဒ်အနေဖြင့် ကုမ္ပဏီမှ ယမန်နှစ်ထိုအချိန်တွင် အသားတင်အရှုံးပြငွေ အမေရိကန်ဒေါ်လာ ၂၆၄ သန်း (ထိုင်းဘတ်ငွေ ၈,၆၈၂ သန်း) နှင့်နှိုင်းယှဉ်လျှင် ကုမ္ပဏီမှာ အသားတင်အမြတ်ငွေ ဒေါ်လာ ၃၁၅ သန်း (ထိုင်းဘတ်ငွေ ၁၀,၄၀၁ သန်း) အထိ အမြတ်ရရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၁၈ ၏ ကိုးလအတွင်း စွမ်းဆောင်ရည်ရလဒ်များအရ ပီတီတီအီးပီသည် ဘဏ္ဍာငွေအမေရိကန်ဒေါ်လာ ၃,၉၆၀ သန်း (ထိုင်းဘတ်ငွေ ၁၂၇,၄၃၄ သန်း) အထိ ရရှိခဲ့ပြီး ယမန်နှစ်ထိုကာလအတွင်း (၂၀၁၇ ကိုးလအတွင်း) အမြတ်ငွေ ဒေါ်လာ ၃,၂၅၂ သန်းနှင့် နှိုင်းယှဉ်လျှင် ၂၂ ရာခိုင်နှုန်းအထိ အမြတ်ငွေမြင့်တက်ခဲ့သည်။ ယင်းသို့အမြတ်ငွေ တိုးတက်လာရခြင်းမှာ အဓိကအားဖြင့် ပျမ်းမျှရောင်းအားပမာဏ မြင့်တက်လာခြင်း နှင့် ပျမ်းမျှရောင်းချစျေးနှုန်းတို့ မြင့်တက်လာမှုတို့ကြောင့် ဖြစ်ပါသည်။ ထို့နောက် ယခုကာလ၏အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၈၅၁ သန်း (ထိုင်းဘတ်ငွေ ၂၇,၃၇၂ သန်း) ရှိခဲ့ပြီး မနှစ်ကလုပ်ငန်းယိုယွင်းအားနည်းမှုကြောင့် အရှုံးပြခဲ့သည့် ဒေါ်လာ ၃၀၅ သန်း (ထိုင်းဘတ်ငွေ ၁၁,၁၃၈ သန်း) နှင့်နှိုင်းယှဉ်လျှင် တစ်ရာရာခိုင်နှုန်းထက်မက တိုးတက်မှုရှိခဲ့သည်။

ယနေ့အထိ ကုမ္ပဏီမှငွေသားစီးဆင်းမှုမှာ အမေရိကန် ဒေါ်လာ ၂,၂၆၄ သန်း (ထိုင်းဘတ် ငွေ ရ၂,၆၉၅ သန်း) အထိရရှိခဲ့ပြီး အမေရိကန် ဒေါ်လာ ၃,၈၀၄ သန်း (ထိုင်းဘတ်ငွေ ၁၂၃,၂၇၃ သန်း) နှင့်ညီမျှသော ငွေသား နှင့် ရရန်ရှိနှင့်ပိုင်ဆိုင်မှု အချိုးချရာ မှာ ၀.၁၇ ဆမျှသာရှိပါသည်။ ခိုင်မာသောဘဏ္ဍာရေးအနေအထားအရ ပီတီတီအီးပီက ယင်းကုမ္ပဏီ၏အဓိကရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဖွံ့ဖြိုးမှုအတွက် လျာထားသည့် ကုန်ကျစရိတ်များအပါအဝင် ကြိုတင်စီစဉ်ထားသည့် ရင်းနှီးမြှုပ်နှံမှုများအတွက်သာမက ရည်မှန်းထားသော အကျိုးတူပူးပေါင်းဆောင်ရွက်သည့် သဘောတူညီမှုနှင့် လုပ်ငန်းအခွင့်အလမ်းသစ်များ တွင် ရင်းနှီးငွေ ထည့်ဝင်နိုင်ခဲ့ပါသည်။

ပီတီတီအီးပီ အလုပ်အမှုဆောင်ချုပ် Phongsthorn Thavisin က “အားကောင်းတဲ့လုပ်ငန်း စွမ်းဆောင်မှုမှ အရှေ့တောင်အာရှကဲ့သို့ အဓိကမဟာဗျုဟာကျသောဒေသတွေ ပြန်လည်အာရုံစိုက်လာစေဖို့အတွက် ကျွန်တော်တို့ရဲ့အောင်မြင်တဲ့ ရင်းနှီးမြှုပ်နှံမှု မဟာဗျူဟာလုပ်ဆောင်ချက်တွေကို ထင်ဟပ်စေခဲ့ပါသည်။ ကျွန်တော်တို့ရဲ့အဓိကအကျိုးဖြစ်ပေါ်စေတဲ့ ပရောဂျက် Bangkot မှာ ရင်းနှီးမြှုပ်နှံထည့်ဝင်ငွေတိုးတက်လာပြီးတော့ တိုက်ရိုက်ငွေသားစီးဆင်းမှုနဲ့အတူ အရောင်းအားပမာဏမြင့်တက်လာခဲ့ပါတယ်။ အကျိုးတူပူးပေါင်းလုပ်ဆောင်မှုမှတဆင့် မဟာဗျူဟာကျတဲ့ဧရိယာတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်လုပ်ဆောင်သွားဖို့ ဦးစားပေးဆောင်ရွက်နေပြီး ရေနံအထွက်များတဲ့ အရှေ့အလယ်ပိုင်းနဲ့ အရှေ့တောင်အာရှဒေသ ၂ ခုလုံးမှာ ရေနံတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်ရန် လုပ်ကွက်တွေ ရှာဖွေနေပါတယ်။ စက်မှုလုပ်ငန်းအနေအထားကြောင့် ဖြစ်ပေါ်လာမယ့် အတားအဆီးနဲ့ စဉ်ဆက်မပြတ်ပြောင်းလဲမှုတွေကိုထိန်းသိမ်းရန် အဓိကအားဖြင့် အေအိုင်နဲ့ ဘူတာဝဟနဗေဒတွေမှာ အလားအလာရှိတဲ့ ရင်းနှီးမြှုပ်နှံမှုများနဲ့ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဓာတ်ငွေ့ကနေ စွမ်းအင်ပြောင်းလဲရေးစီမံကိန်းအစရှိတဲ့ လက်ရှိစျေးကွက်မှာ ရေနံနဲ့သဘာဝဓာတ်ငွေ့ရှာဖွေရေးနဲ့ ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကနေ အခွင့်အလမ်းတွေကိုဖမ်းဆုပ်ပြီး အဖွဲ့အစည်းပြုပြင်ပြောင်းလဲရေးမှတဆင့် အသင့်အနေအထားဖြစ်နေဖို့အတွက် ကျွန်တော်တို့ ပြင်ဆင်ထားပါသည်။” ဟု ပြောကြားထားပါသည်။

Bongkot နှင့် Erawan ရေနံတူးဖော်ရေးလုပ်ငန်း ၂ ခုလုံးတွင် လေလံကာလသက်တမ်း ကုန်ဆုံးသွားခြင်းဖြင့်စပ်လျဉ်း၍ ထိုင်းပင်လယ်ကွေ့ ရေနံနှင့်သဘာဝဓာတ်ငွေ့မြေတွင် လုပ်ငန်းပူးပေါင်းလုပ်ဆောင်နေသော Mubadala ရေနံ(ထိုင်း) လီမိတက်မှ Erawan ရေနံတူးဖော်ရေးလုပ်ငန်းကို လေလံဆွဲရန်လုပ်ဆောင်နေစဉ်အတွင်းတွင် ပီတီတီအီးပီက Bongkot ရေနံတူးဖော်ရေးလုပ်ငန်းကို သီးသန့်လေလံဆွဲရန် တင်ပြခဲ့ပါသည်။ လေလံပွဲရလဒ်များ ထုတ်ပြန်ကြေညာခြင်းကို ယခုနှစ်ကုန်ပိုင်းလောက်မှာ သိရှိရန် မျှော်မှန်းထားပြီး ပီတီတီအီးပီက ရေနံတူးဖော်သည့်လုပ်ငန်းနှစ်ခုလုံးတွင် ဦးစီးလုပ်ဆောင်ရန်အသင့်ဖြစ်နေပါပြီ။

ထို့အပြင် ပီတီတီအီးပီသည် အဓိက နောက်ဆုံးရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက်အကြိုစီမံကိန်းများ အထူးသဖြင့် မိုဇမ်ဘစ်ရိုဗူမာကမ်းလွန်ပင်လယ်ဧရိယာ-၁တွင် ကမ်းလွန်ပင်လယ်ဧရိယာဖွံ့ဖြိုးတိုးတက်ရေးကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ရန် ကြိုးပမ်းလျက်ရှိသည်။ ယင်းစီမံကိန်းမှ တိုးတက်မှုများရရှိခဲ့ပြီး ထိုတိုးတက်မှုတွင် ပင်လယ်ကမ်းခြေ သဘာဝဓာတ်ငွေ့ရည် (LNG) ထုတ်လုပ်ရေး စက်ရုံတည်ဆောက်ရေးလုပ်ငန်းစဉ်ပါဝင်ပြီး ရောင်းဝယ်ရေးစာချုပ် (SPA) ကို အပြီးသတ်ချုပ်ဆိုနိုင်ခဲ့သည်။ ၂၀၂၃ တွင် ပထမဆုံးထုတ်လုပ်မှုစတင်ရန် ကြိုတင်မျှော်မှန်းထားစဉ်အတွင်း ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် မျှော်မှန်းထားသည့် နောက်ဆုံးရင်းနှီးမြှုပ်နှံမှုဆုံးဖြတ်ချက် (FID) စီမံကိန်းကို တစ်နှစ်လျှင်ဓာတ်ငွေ့ရည်တန်ချိန် ၁၂ သိန်းပမာဏအထိ တိုးမြင့်မြှုပ်နှံဝယ်ယူခြင်းအတွက် ပြင်သစ်ဓာတ်အားပေးစက်ရုံ EDF နှင့် ရောင်းဝယ်ရေးစာချုပ်သက်တမ်းတိုးခဲ့ပြီး ပီတီတီအီးပီသည် Tohoku ဓာတ်အားပေးစက်ရုံမှ တစ်နှစ်လျှင်ဓာတ်ငွေ့ရည်တန် ၂ သိန်း ၈ သောင်း ဝယ်ယူရန် ရောင်းဝယ်ရေးစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါသည်။