ပီတီတီအီးပီမှ ၂၀၁၉ခုနှစ်၏ ပထမသုံးလပတ် အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၉၄ သန်းရှိပြီး ဖြစ်ကြောင်း “Expand & Execute” မဟာဗျူဟာနှင့်အညီ ရှေ့ဆက်ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ကြေညာ

06 May 2019
Save as PDF

၆ မေ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – ပီတီတီ ရေနံရှာဖွေရေးနှင့် ထုတ်လုပ်ရေးအများပိုင်ကုမ္ပဏီလီမိတက် (ပီတီတီအီးပီ) က ပထမသုံးလပတ်ကာလ၏ အသားတင်အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ ၃၉၄ သန်း (မြန်မာကျပ်ငွေ ၆၀၂, ၈၂၀ သန်း) ဖြစ်ပြီး ၎င်းသည် “Expand & Execute” ဟူသော ပီတီတီအီးပီ၏ မဟာဗျူဟာကိုသာမက ရေတိုရော ရေရှည်တွင် တည်တံ့ခိုင်မြဲသော တိုးတက်အောင်မြင်မှုကို တည်ဆောက်ရန်အတွက် အဆင်သင့်ရှိကြောင်းကိုလည်း ထင်ဟပ်ပြလိုက်ခြင်းဖြစ်ကြောင်း အစီရင်ခံတင်ပြခဲ့ပါသည်။

ပီတီတီအီးပီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သော Phongsthorn Thavisin က ယခုနှစ် ပထမသုံးလပတ်ကာလအတွက် ကုမ္ပဏီ၏ ကြိုတင်မှန်းဆရနိုင်သည့် အသားတင်အမြတ်ငွေသည် အမေရိကန်ဒေါ်လာ ၃၇၄ သန်း (မြန်မာကျပ်ငွေ ၅၇၂,၂၂၀ သန်း)ဖြစ်ရာ ထိုပမာဏသည် ယမန်နှစ် ၂၀၁၈ ခုနှစ်၏ အလားတူကာလ အမြတ်ငွေ အမေရိကန်ဒေါ်လာ ၃၀၄ သန်း (မြန်မာကျပ်ငွေ ၄၆၅,၁၂၀ သန်း) ထက် ၂၃ ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ သို့ရာတွင် ပုံမှန်တွက်ဆ၍မရနိုင်သော အရာများမှ အမြတ်ငွေမှာ ယမန်နှစ်အလားတူ ကာလက အမေရိကန်ဒေါ်လာ ၁၁၉ သန်းထက် ပိုမိုလျော့နည်းခဲ့ပြီး အမေရိကန်ဒေါ်လာ သန်း ၂၀ သာ ရရှိခဲ့ပါသည်။ ယင်းသို့ဖြစ်ရခြင်းမှာ အဓိကအားဖြင့် ငွေကြေးတန်ဖိုး ပြောင်းလဲမှုများကြောင့်ဖြစ်ပြီး ကုမ္ပဏီ၏ ငွေလည်ပတ်မှုအပေါ် သက်ရောက်မှု မရှိသလောက်ပင်ဖြစ်ပါသည်။ သို့ဖြစ်၍ ယခုနှစ် ပထမ သုံးလပတ်ကာလအတွက် အသားတင်အမြတ်ငွေမှာ အမေရိကန်ဒေါ်လာ ၃၉၄ သန်း (မြန်မာကျပ်ငွေ ၆၀၂,၈၂၀ သန်း) ဖြစ်ပြီး ယမန်နှစ် ပထမသုံးလပတ်ကာလ အသားတင်အမြတ်ငွေ အမေရိကန်ဒေါ်လာ ၄၂၃ သန်း (မြန်မာကျပ်ငွေ ၆၄၇,၁၉၀ သန်း) အောက်ရရာခိုင်နှုန်း လျော့ကျခဲ့ပါသည်။

၂၀၁၉ ခုနှစ် ပထမသုံးလပတ် ကာလအတွက် ကုမ္ပဏီ၏ စုစုပေါင်းဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁,၄၂၈ သန်း (မြန်မာကျပ်ငွေ ၂,၁၈၄,၈၄၀ သန်း) ဖြစ်ရာ ယခင်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၁,၂၄၀ သန်း (မြန်မာကျပ်ငွေ ၁,၈၉၇,၂၀၀ သန်း) ထက် ၁၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပါသည်။ Bongkot စီမံချက်မှ ထပ်မံတိုးပွားလာသော လုပ်ငန်းဆောင်ရွက်မှု အကျိုးအမြတ်များ၏ ရလဒ်ကြောင့် တစ်ရက်လျှင် ရေနံစည် (BOED) ၂၉၃,၀၉၉ စည် ရောင်းချခဲ့ရသော ၂၀၁၈ခုနှစ် ပထမသုံးလပတ်နှင့် နှိုင်းယှဉ်ကြည့်သော် ၂၀၁၉ခုနှစ်တွင် တစ်ရက်လျှင် ပျမ်းမျှရေနံစည်(BOED) ၃၁၉,၂၃၀ စည်အထိ တိုးတက်ရောင်းချခဲ့ရသည်သာမက ရေနံတစ်စည် (BOE) စျေးနှုန်းမှာလည်း ၂၀၁၈ ခုနှစ်ကအမေရိကန်ဒေါ်လာ ၄၄.၀၁ ရှိရာက ယခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၆.၂၁ ထိ မြင့်တက်လာခြင်းကြောင့် ယခုကဲ့သို့ တိုးတက်လာရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပထမသုံးလတာကာလ အကုန်တွင် ရှိသော ပီတီတီအီးပီ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေသော ငွေကြေးမှာ အမေရိကန်ဒေါ်လာ ၉၄၃ သန်း (မြန်မာကျပ်ငွေ ၁,၄၄၂,၇၉၀ သန်း) နှင့် အတိုးအခွန်တန်ဖိုးလျော့နှင့် အရစ်ကျဆပ်ငွေများ မပြုခင် ၀င်ငွေမာဂျင် (EBITDA Margin) ၇၆ ရာခိုင်နှုန်းရှိပါသည်။

“ပီတီတီအီးပီ အနေနဲ့ ဒီနှစ်ဆန်းပိုင်းကတည်းကစပြီး “Expand & Execute” ဆိုတဲ့ မဟာဗျူဟာအသစ်နဲ့အညီ ဦးဆောင်လှုပ်ရှား အကောင်အထည်ဖော်လာခဲ့ပြီး အောင်မြင်တဲ့ အဓိကသမိုင်းမှတ်တိုင်ပေါင်းများစွာ စိုက်ထူနိုင်ခဲ့ပြီးပါပြီ။ ကမ္ဘာ့အဆင့် မဟာဗျူဟာမြောက် လုပ်ငန်းမိတ်ဖက်တွေနဲ့အတူ ကမ္ဘာ့ရေနံထွက်ရှိမှုအလားအလာအကောင်းဆုံးနေရာဖြစ်တဲ့ အာရပ်စော်ဘွားများသမ္မတနိုင်ငံမှာ ကမ်းလွန်ရေနံလုပ်ကွက် ၂ ခု အတွက် ဆုချီးမြှင့်ခံရခြင်းဖြင့် အရှေ့ အလယ်ပိုင်းဒေသမှာ ကျွန်တော်တို့ရဲ့ဆောင်ရွက်ချက်တွေကို အသိအမှတ်ပြုခံခဲ့နိုင်ပါတယ်။ မလေးရှားမှာ Murphy Oil Corporation ရဲ့ လုပ်ငန်းတွေကို ရယူလိုက်ခြင်းဖြင့်လည်း အရှေ့တောင်အာရှမှာ ကျွန်တော်တို့ရဲ့ ခြေလှမ်းတွေကို တိုးချဲ့ခဲ့ပါတယ်။ ဒီအချက်က အရောင်းပမာဏနဲ့ အရောင်းဝင်ငွေတွေကို ချက်ချင်းဆိုသလို တိုးတက်လာအောင် ကူညီပေးနိုင်ပါလိမ့်မယ်။ ပီတီတီအီးပီအနေနဲ့ မလေးရှားမှာလည်း ထပ်မံ၍ ကမ်းလွန်ရှာဖွေရေးလုပ်ကွက် ၂ ခုအတွက် ချီးမြှင့်ခံခဲ့ရပါတယ်။ အခုဖော်ပြခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေက ပီတီတီအီးပီကို ရေတိုမှာရော ရေရှည်မှာပါ အောင်မြင်ဖို့ ကူညီပေးပါလိမ့်မယ်။” ဟု Phongsthorn က ပြောကြားခဲ့ပါသည်။