Myanmar Asset Press Release
ပီတီတီအီးပီ၏ နှစ် (၃၀) ပြည့် အထိမ်းအမှတ် ညစာစားပွဲ အခမ်းအနား ကျင်းပ

ပီတီတီအီးပီမြန်မာ့စီမံကိန်း က နှစ် (၃၀)ပြည့် အထိမ်းအမှတ် ညစာစားပွဲအခမ်းအနားကို ၂၀၁၉ ခုနှစ် ဇွန်လ ၂၁ ရက် သောကြာနေ့တွင် နိုဗိုတယ်ရန်ကုန်မက်စ်ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ပီတီတီအီးပီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Phongsthorn Thavisin၊ ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ အထွေထွေမန်နေဂျာဖြစ်သူ Mr. Piya Sukhumpanumet တို့နှင့်အတူ ပီတီတီအီးပီ၏ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ရေရှည်လက်တွဲခဲ့ကြသော လုပ်ငန်းပိုင်းဆိုင်ရာလုပ်ဖော်ကိုင်ဖက်၊ အစိုးရတာဝန်ရှိသူများဖြစ်ကြသော မြန်မာ့လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(MOEE)၊ ဒုဝန်ကြီး Dr. ထွန်းနိုင်၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ Dr. အောင်မိုးညို၊ မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) တို့အပြင် အခြားဝန်ကြီးဌာန အသီးသီးတို့မှ တာဝန်ရှိသူများမှ အခမ်းအနားကို ပါဝင်ဆင်နွှဲခဲ့ကြပါသည်။ အခမ်းအနားတွင် ထိုင်းစွမ်းအင်ဝန်ကြီးဌာန၏ဝန်ကြီး ဒေါက်တာ Siri Jirapongphan ကလည်း ဂုဏ်ပြုအမှာစကား ပြောကြားသွားခဲ့ပါသည်။ အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ် Mr. Phongsthorn မှ “ပီတီတီအီးပီသည် ယုံကြည်ရသော ရင်းနှီးမြှုပ်နှံသူ လုပ်ဖော်ကိုင်ဖက်တစ်ဦးအဖြစ် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့အခန်းကဏ္ဍကို တည်ဆောက်ရာတွင်သာမက မြန်မာနိုင်ငံတစ်ဝှမ်းရှိ လူမှုအသိုက်အဝန်း၏ တိုးတက်ဖွံ့ဖြိုးရေးအတွက်ကိုပါ ဆက်လက်ကြိုးစားဆောင်ရွက်သွားရန် ကတိကဝတ်ထားရှိပြီးဖြစ်ကြောင်း” ပြောကြားသွားခဲ့ပါသည်။