ပီတီတီအီးပီသည် အရောင်းပမာဏလျာထားချက်ကို တိုးမြှင့်ကာ ၅ နှစ်တာကာလ ရင်းနှီးမြှုပ်နှံမှုကို ပြန်လည်စိစစ်ပြင်ဆင်

25 July 2019
Save as PDF

၂၅ ဇူလိုင်လ ၂၀၁၉၊ ရန်ကုန်၊ မြန်မာ။ – ပီတီတီရေနံရှာဖွေရေးနှင့်ထုတ်လုပ်ရေး အများပိုင်ကုမ္ပဏီလီမိတက် (ပီတီတီအီးပီ)က လက်တလောတွင် ရရှိပိုင်ဆိုင်ထားသော လုပ်ငန်းများသာမက ထိုင်းနိုင်ငံနှင့် ပြည်ပနိုင်ငံများတွင် ချီးမြှင့်ခံရသော ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ကွက်များမှတဆင့် တန်ဖိုးမြင့်တီထွင်ဖန်တီးမှုများကို ထည့်သွင်းနိုင်ရန် ၎င်း၏ ၅ နှစ်တာ (၂၀၁၉ - ၂၀၂၃) ကာလအတွက် ရင်းနှီးမြှုပ်နှံမှုစီမံချက်နှင့် အရောင်းပမာဏ လျာထားချက်များကို ပြန်လည်စိစစ်ပြင်ဆင်လိုက်ပါသည်။ နောက်တစ်ဆင့်အနေဖြင့် ရေနံထုတ်လုပ်မှုကို စဉ်ဆက်မပြတ် လုပ်ဆောင်နိုင်ရန်နှင့် ကုမ္ပဏီ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းထားနိုင်ရန်အတွက် အောင်မြင်သောလုပ်ကွက်များမှ လုပ်ငန်းလည်ပတ်မှုများ လုပ်ဆောင်ရာတွင် ချောမွေ့လွယ်ကူသောအကူးအပြောင်းဖြစ်စေရန် အဓိကဦးစားပေးဆောင်ရွက်သွားမည်ဖြစ်သည်။

ပီတီတီအီးပီ၏ ဥက္ကဌနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သော Phongsthorn Thavisin က ၂၀၁၉ ခုနှစ် ပထမနှစ်ဝက်တွင် ပီတီတီအီးပီအနေဖြင့် မဟာဗျူဟာမြောက်လမ်းညွှန်မှုများနှင့်အညီ လုပ်ငန်းများကို အောင်မြင်စွာတိုးချဲ့နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ ၎င်းအောင်မြင်မှုများတွင် ထိုင်းပင်လယ်ကွေ့ရှိ G1/61 လုပ်ကွက် (Erawan ရေနံမြေ) နှင့် G2/61 လုပ်ကွက် (Bongkot ရေနံမြေ) တို့အတွက် ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားရေးစာချုပ် PSC လက်မှတ်ရေးထိုးခြင်း၊ အာရပ်စော်ဘွားများသမ္မတနိုင်ငံ နှင့် မလေးရှားနိုင်ငံမှချီးမြှင့်ခံရသော ရေနံရှာဖွေရေးလုပ်ကွက်များနှင့် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၀ရက်နေ့က ဆောင်ရွက်ပြီးစီးခဲ့သော မလေးရှားနိုင်ငံရှိ Murphy ရေနံကော်ပိုရေးရှင်းကြီးကို ဝယ်ယူမှု၊ Tatex Thailand LLC မှ APICO LLC တွင် အစုရှယ်ယာ ၃၃.၈ ရာခိုင်နှုန်းကို ဝယ်ယူမှုတို့ပါဝင်ပါသည်။

ထို့ကြောင့် ပီတီတီအီးပီအနေဖြင့် အထက်ဖော်ပြပါ လုပ်ငန်းတိုးချဲ့မှုများနှင့် ချိန်ညှိပြီး ၂၀၁၉ ခုနှစ်အတွက် အသုံးစရိတ်ကို ပြန်လည်စိစစ်ပြင်ဆင်ပြီးဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်အတွက် ခန့်မှန်းခြေ အသုံးစရိတ်စုစုပေါင်းကို ယခင်ပမာဏ အမေရိကန်ဒေါ်လာ ၃,၂၅၆ သန်း (မြန်မာကျပ်ငွေ ၅,၀၀၇,၇၂၈ သန်း) မှတိုးမြှင့်ပြီး အမေရိကန်ဒေါ်လာ ၃,၅၇၇ သန်း (မြန်မာကျပ်ငွေ ၅,၄၃၇,၀၄၀ သန်း) သတ်မှတ်ခဲ့ပါသည်။ သို့ရာတွင် အသစ်ခန့်မှန်းခြေ အသုံးစရိတ်စုစုပေါင်း၌ သိုမှီးစရိတ် အမေရိကန်ဒေါ်လာ ၂,၀၈၆ သန်း (မြန်မာကျပ်ငွေ ၃,၁၇၀,၇၂၀ သန်း) မပါဝင်ပါ။

၅ နှစ်တာ (၂၀၁၉-၂၀၂၃) ကာလ ရင်းနှီးမြှုပ်နှံမှုစီမံချက်အတွက် ပီတီတီအီးပီက အသုံးစရိတ်စုစုပေါင်းကို ယခင် အမေရိကန်ဒေါ်လာ ၁၆,၁၀၅ သန်း (မြန်မာကျပ်ငွေ ၂၄,၄၇၉,၆၀၀ သန်း) ထက်တိုးမြှင့်ပြီး အမေရိကန်ဒေါ်လာ ၂၁,၃၅၄ သန်း (မြန်မာကျပ်ငွေ ၃၂,၄၅၈,၀၈၀ သန်း) သို့ ခွဲဝေသတ်မှတ်ထားရာ အသေးစိတ်မှာ အောက်ပါဇယားအတိုင်းဖြစ်ပါသည်။

ယူနစ်- အမေရိကန်ဒေါ်လာ သန်း

၂၀၁၉ ၂၀၂၀ ၂၀၂၁ ၂၀၂၂ ၂၀၂၃ ၂၀၁၉-၂၀၂၃
ငွေလုံးငွေရင်းကုန်ကျစရိတ် ၁,၉၄၈ ၂,၄၇၂ ၂,၈၁၇ ၂,၉၄၅ ၂,၄၇၇ ၁၂,၆၅၉
လုပ်ငန်းလည်ပတ်မှုကုန်ကျစရိတ် ၁,၆၂၉ ၁,၅၉၂ ၁,၅၅၆ ၂,၀၉၅ ၁,၈၂၃ ၈,၆၉၅
အသုံးစရိတ်စုစုပေါင်း ၃,၅၇၇ ၄,၀၆၄ ၄,၃၇၃ ၅,၀၄၀ ၄,၃၀၀ ၂၁,၃၅၄

* သိုမှီးစရိတ် အမေရိကန်ဒေါ်လာ ၂,၀၈၆ သန်း မပါ၀င်ပါ။

ပြန်လည်စိစစ်ပြင်ဆင်လိုက်သော ၅ နှစ်တာကာလ ရင်းနှီးမြှုပ်နှံမှု စီမံထားချက်နှင့်အညီ ပီတီတီအီးပီသည် ၂၀၁၉ ခုနှစ်တွင် ပျမ်းမျှရေနံအရောင်းပမာဏကိုလည်း တစ်ရက်လျှင် ရေနံစည်ပေါင်း ၃၄၅,၀၀၀ စည်ဟု တိုးမြှင့်သတ်မှတ်ထားလိုက်ရာ ယမန်နှစ်ကသတ်မှတ်ထားသည့် ၃၁၈,၀၀၀ စည်ထက် ၈.၅ ရာခိုင်နှုန်း တက်လာပါသည်။ ၂၀၂၃ ခုနှစ်အထိ ၅ နှစ်ကာလအတွက် ပေါင်းစုနှစ်စဉ်တိုးတက်မှုနှုန်းမှာ ၇ ရာခိုင်နှုန်း ဖြစ်ပြီး အသေးစိတ်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။

ယူနစ်-တစ်နေ့လျှင်ထုတ်နိုင်သောရေနံစည်ပေါင်း(BOED)

၂၀၁၉ ၂၀၂၀ ၂၀၂၁ ၂၀၂၂ ၂၀၂၃
ပျမ်းမျှရေနံအရောင်းမျှော်မှန်းချက်ပမာဏ ၃၄၅,၀၀၀ ၃၆၅,၀၀၀ ၃၈၀,၀၀၀ ၄၀၉,၀၀၀ ၄၃၇,၀၀၀

Phongsthorn က “လုပ်ငန်းတိုးချဲ့မှု (Expand) မဟာဗျူဟာအစီအစဉ်အရ ပီတီတီအီးပီဟာ ထိုင်းနိုင်ငံမှာသာမက တခြားမဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုဧရိယာတွေမှာပါ လုပ်ငန်းတွေရရှိခဲ့သလို ပြည်ပနိုင်ငံတွေမှာလည်း စီစဉ်ထားတဲ့အတိုင်း ရေနံရှာဖွေရေးလုပ်ကွက်တွေမှာ လေလံအောင်ခဲ့တာကြောင့် လုပ်ငန်းချဲ့ထွင်မှုများကို လတ်တလောမှာအောင်မြင်စွာ ပြီးမြောက်ထားပါတယ်။ လက်ရှိအချိန်မှာတော့ ကျွန်တော်တို့အနေနဲ့ ဖြစ်မြောက်အောင် ဆောင်ရွက်မှု (Execution) မဟာဗျူဟာပေါ်မှာပဲ အာရုံစူးစိုက်ထားပါတယ်။ အထူးသဖြင့် Erawan ရေနံမြေနဲ့ တခြားပိုင်ဆိုင်ရယူထားတဲ့နေရာတွေမှာ လုပ်ငန်းလည်ပတ်မှုတွေကို ပြောင်းလဲဆောင်ရွက်နိုင်ဖို့ပါပဲ။ ယင်းသို့ဆောင်ရွက်ရာတွင် ဒီလိုအနာဂတ်မှာပါ ပီတီတီအီးပီရဲ့ တိုးတက်ကြီးထွားမှုကို ဦးဆောင်မောင်းနှင်ဖို့အတွက် ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံရှိ ဇောတိကစီမံကိန်းအပါအဝင် လက်ရှိစီမံကိန်းများတွင် ရေနံရှာဖွေရေးလုပ်ငန်းတွေကို အရှိန်မြှင့်တင်ဆောင်ရွက်ရေးတို့ ပါဝင်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။