ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ လူမှုစီးပွားလုပ်ဆောင်မှု အစီအစဉ်အသေးစိတ်
၂၀၁၅ မှ စတင်ခဲ့သော နည်းပညာဆိုင်ရာ စွမ်းဆောင်ရည် တည်ဆောက်ခြင်း နှင့် ဖွံ့ဖြိုးတိုးတက်ခြင်း အစီအစဉ်သည် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းနှင့်အတူ အမျိုးသားအဆင့် ကျွမ်းကျင်လုပ်သားမွေးထုတ်ပေးရေးသင်တန်း၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန နှင့် ပီတီတီအီးပီမြန်မာ့စီမံကိန်းတို့ ပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်းဖြစ်ပါသည်။
မြန်မာနိုင်ငံအတွင်း စက်မှုကျွမ်းကျင်လုပ်သား နည်းပါးမှုကို ဦးတည်ထားသော ယင်းအစီအစဉ်သည် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးကို ကူညီထောက်ပံ့ပေးရန် ပြည်တွင်းကျွမ်းကျင်လုပ်သား များပြားလာစေရန် ရည်ရွယ်ပြီး နည်းပညာဆိုင်ရာ လေ့ကျင့်သင်ကြားမှုများနှင့် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေးမှတဆင့် ပြည်တွင်းလုပ်သားများ၏ လုပ်ငန်းခွင် တိုးတက်လာစေရန် အစီအစဉ် ရေးဆွဲထားခြင်း ဖြစ်ပါသည်။
ယင်းအစီအစဉ် စတင်သည့်အချိန်မှစ၍ ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် ကျွမ်းကျင်လုပ်သား လေ့ကျင့်ရေးစင်တာကို ပြန်လည်ပြုပြင်မွမ်းမံခြင်း နှင့်ပစ္စည်းကိရိယာအသစ်များကို ထောက်ပံ့ပေးပြီး လေ့ကျင့်သင်ကြားမှု ဘာသာရပ်များ နှင့် NSSA အကဲဖြတ်ကြေး စသည့် ငွေကြေးထောက်ပံ့မှုများဖြင့် သင်တန်းသားများအတွက် ဆက်လက်ကူညီပေးလျက်ရှိပါသည်။
ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် လက်ရှိကာလတွင်လည်း ဂဟေဆော်ခြင်း၊ လျှပ်စစ် နှင့် အဲကွန်း တပ်ဆင်ခြင်း သင်တန်းပေးခြင်း အစရှိသော သင်တန်း(၃) ခုနှင့် NSSA အကဲဖြတ်စစ်ဆေးခြင်း သင်တန်းများဖြစ်သော ဂဟေဆော်ခြင်း၊ လျှပ်စစ်နှင့် အဲကွန်းတပ်ဆင်ခြင်းစသော သင်တန်းများကို သင်ကြားရန် ငွေကြေးပံ့ပိုးမှုများ ဖြင့် ထောက်ပံ့ပေးလျက်ရှိပါသည်။ ကျွမ်းကျင်လုပ်သား ရ၀၀ ကျော်ကို လေ့ကျင့်သင်တန်းပေးခဲ့ပြီး အလုပ်သမား၁၅၀ ကျော်မှာလည်း NSSAအကဲဖြတ်သင်တန်းမှ အကျိုးကျေးဇူးများ ရရှိပြီးဖြစ်ပါသည်။
ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် မြန်မာပြည်သူလူထု အကျိုးဖြစ်ထွန်းစေရန်အတွက် သဘာဝပတ်ဝန်းကျင်ကို ကာကွယ်ပေးခြင်းဖြင့် ပီတီတီအီးပီ၏ လုပ်ငန်းများကို လူမှုရေးတာဝန်သိစိတ်ဖြင့် လုပ်ဆောင်ရန် ကတိကဝတ်ထားရှိပြီးဖြစ်ပါသည်။
နှစ်စဉ်နှစ်တိုင်း ပီတီတီအီးပီသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) နှင့်ပူးပေါင်း၍ “PTTEP Myanmar Asset Green Up Project” အစီအစဉ်ကိုလုပ်ဆောင်လျက်ရှိပြီး ရန်ကုန်မြို့ လှော်ကားအမျိုးသား ဥယျာဉ်တွင် သစ်ပင်အသစ်များကို စိုက်ပျိုးထားပြီးဖြစ်ပါသည်။
ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ၂၀၁၀ မှစပြီး ကပ်ပါးပိုးမွှားကင်းစင်ရေး စီမံကိန်းကို သူငယ်တန်းနှင့် ပဥ္စမတန်း တက်ရောက်နေသော ကျောင်းသားများအတွက် ရည်ရွယ်ကာ စတင်ခဲ့ပါသည်။
ယင်းစီမံကိန်း၏ ဦးတည်ချက်မှာ ပီတီတီအီးပီ၏ လုပ်ငန်းလုပ်ကိုင်ရာနေရာများတွင် နေထိုင်ကြသော ကျောင်းနေအရွယ်ကလေးများ ကပ်ပါးပိုးမွှားကူးစက်မှုနှုန်း လျော့ကျစေရန်အတွက် ဖြစ်ပါသည်။
ထိုစီမံကိန်းမှာ ၂၀၁၄ တွင် ဇောတိကပိုက်လိုင်းတစ်လျှောက်တွင်ရှိသော ကျောင်းပေါင်း ၃၅ ကျောင်း၌ စတင်ပြီးဖြစ်ပါသည်။ ယင်းစီမံကိန်းတွင် ကျောင်းနေအရွယ်ကလေးပေါင်း ၅,၀၀၀ ကျော် ပါဝင်ခဲ့ပြီး အကျိုးအမြတ် ဖြစ်ထွန်းစေခဲ့ပါသည်။ယင်း စီမံကိန်း ရလဒ်အရ ကျောင်းနေရွယ်ကလေးငယ်များအကြား ကပ်ပါးပိုးမွှားကူးစက်မှုနှုန်းသည်ပထမနှစ် (၂၀၁၀) တွင် ၄၁.၅ ရာခိုင်နှုန်း ရှိရာမှာ ၂၀၁၉ ခုနှစ်တွင် ၇.၈ ရာခိုင်နှုန်းသို့လျော့ကျခဲ့သည်။
ယခုအစီအစဉ်သည် ပီတီတီအီးပီမြန်မာ့စီမံကိန်း၏ လုပ်ငန်းလုပ်ကိုင်ဆောင်ရွက်နေသော နေရာများတွင် စွန့်ပစ်ပစ္စည်းပြဿနာကို လျှော့ချပေးရန်နှင့် ချက်ရေးပြုတ်ရေးအတွက် လိုအပ်သော LPG နှင့် မီးသွေးအတွက် ကုန်ကျစရိတ်များကို လျှော့ချပေးရန်လည်း ရည်ရွယ်ပါသည်။
ပီတီတီအီးပီ မြန်မာ့စီမံကိန်းသည် မြန်မာပြည်သူများ၏ လိုအပ်ချက်များနှင့် လူနေမှုအဆင့်အတန်း မြှင့်တင်ပေးနိုင်ရန်အတွက် "ရွေ့လျားကျန်းမာရေးစစ်ဆေးမှု” အစီအစဉ်ကို ၂၀၁၅ မှ စတင်အကောင်အထည်ဖော်ကာ ကဏ္ဍ ၂ ခုတွင် ထောက်ပံ့မှုပေးခဲ့ပါသည်။
၁။ ရွေ့လျားကျန်းမာရေးစစ်ဆေးမှုအတွက် လိုအပ်သည့် ပစ္စည်းကိရိယာများ ထောက်ပံ့ပေးခြင်း
၂။ ရွေ့လျားကျန်းမာရေးစစ်ဆေးမှုခရီးစဉ်အတွက် ထောက်ပံ့ပေးခြင်း
ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် လက်ရှိတွင် “ရွေ့လျားကျန်းမာရေးစစ်ဆေးမှု”အစီအစဉ်ကို မဟာဗျူဟာကျစွာ ရွေးချယ်ထားသည့်နေရာ ၂ ခု ဖြစ်သော M3 (ဖျာပုံခရိုင်၊ ဧရာဝတီတိုင်းဒေသကြီး) နှင့် MOGE 3 (သရက်ခရိုင်၊ မကွေးတိုင်းဒေသကြီး) တို့တွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။ ယခုစီမံကိန်းသည် မြန်မာပြည်သူ ၉,၀၀၀ ကျော်ကို အကျိုးဖြစ်ထွန်းစေပြီးဖြစ်ပါသည်။
ဤ HEAD ပညာသင်ဆုသည် ကျောင်းသားတစ်ယောက်အတွက် ကုန်ကျစရိတ် အပြည့်အဝကို ထောက်ပံ့ပေးသော ပညာသင်ဆု ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ထားသော ကျောင်းသား ၁၀ ယောက်ကို နှစ်စဉ်ချီးမြှင့်ပေးပါသည်။ ၎င်းပညာသင်ဆုသည် ၁။ ဆေးဝါးဆိုင်ရာပညာရပ် ၂။ သူနာပြုပညာရပ် ၃။ သားဖွားမီးဖွားပညာရပ် ၄။ ပညာရေး ကောလိပ် နှင့် ၅။ အင်ဂျင်နီယာ ပညာရပ်များကို သင်ကြားရန်အတွက် အကျုံးဝင်ပါသည်။ ယင်းဘာသာရပ်၅ သည် မြန်မာနိုင်ငံတစ်နိုင်ငံလုံးအနေဖြင့်သာမက လူထုအဖွဲ့အစည်းအတွက် လိုအပ်လျက်ရှိနေပါသည်။ ပီတီတီအီးပီမြန်မာ့စီမံကိန်းသည် ၂၀၀၈ ခုနှစ်မှစ၍ ပညာသင်ဆု ပေါင်း ၆၇ ဆုကို ပေးအပ်ခဲ့ပြီး ပညာတော်သင်ကျောင်းသား ၂၆ ယောက်မှာ ဘွဲ့ရရှိပြီးနောက် အစိုးရရုံးဝန်ထမ်းများအဖြစ် ဝင်ရောက်လုပ်ကိုင်လျက်ရှိပြီး ၎င်းတို့အနေဖြင့် လူ့အဖွဲ့အစည်းကို တစ်ဖက်တစ်လမ်းမှ ထောက်ပံ့လျက်ရှိပါသည်။
ယခု လူမှုပံ့ပိုးမှုနှင့် အရေးပေါ်ကယ်ဆယ်ရေး အစီအစဉ်သည် ကျေးရွာနေပြည်သူများ၊ အများပိုင်အဖွဲ့အစည်း နှင့် နိုင်ငံတော်အစိုးရမှ ပြုလုပ်ဆောင်ရွက်နေသော လှုပ်ရှားမှုများ သို့မဟုတ် အခမ်းအနားများကို ကူညီပံ့ပိုးပေးရန် နှင့် သဘာဝဘေးအန္တရာယ်ကြောင့် လူထုအဖွဲ့အစည်းတွင် ဖြစ်ပေါ်လေ့ရှိသည့် အခက်အခဲများကို အကူအညီပေးနိုင်ရန် ရည်ရွယ်ပါသည်။